(Thai Beef Soup)
--------------------------------------------------------
အရသာအလွန်ကောင်းတဲ့
ထိုင်းအမဲသားစွပ်ပြုတ်လေးက ပါဝင်ပစ္စည်းအနည်းငယ်ဖြင့် ချက်ရလွယ်ကူပြီး အရသာလည်းကောင်းလို့ လူကြိုက်များတဲ့ စွပ်ပြုတ်လည်းဖြစ်ပါတယ်။ အမဲသားစွပ်ပြုတ်ကို အမဲသားချည်း သီးသန့်မသုံးဘဲ
အမဲအကြောအနည်းငယ်နဲ့ရောပြီး ပြုလုပ်နိုင်သလို အမဲအူကြမ်းတို့ဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။ ပူစပ်ပြီး အရသာရှိတဲ့ စွပ်ပြုတ် လေးကို ချက်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
• အမဲသား၊ အမဲအကြော၊ အမဲအူကြမ်း - ၅ဝဝ ဂရမ်
• ကြက်သွန်နီဥသေး - ၃ လုံး
• ကြက်သွန်ဖြူ - ၅ မြွှာ
• ပတဲကော - လက်တစ်ဆစ်
• စပါးလင် - ၂ ချောင်း
• ရှောက်ခါးရွက် - ၃ ရွက်
• ဆား - စားပွဲဇွန်း ၂ ဇွန်း
• ရှလကာရည် - ၁ ခွက်
• ကြက်သားအရသာခဲ - ၁ ခဲ
• ရေ - ၂၊ ၃ လီတာ
တွဲဖက်တည်ခင်းရန်
• ကြက်သွန်မြိတ်
• နံနံပင်
• ပင်စိမ်းရွက် (optional)
• ငရုတ်သီးအလှော်မှုန့်
• သံပရာရည်
• ငံပြာရည်
ပြုလုပ်နည်း
၁။ ဦးစွာ အမဲသား၊ အမဲအကြော၊ အမဲအူကြမ်းကို အနေတော်အရွယ်လှီးဖြတ်ပြီး ဆား ၁ ဇွန်း၊ ရှလကာရည် ၁ ခွက်ထည့်၍ နာနာနယ်ပွတ်ပြီး ရေဆေးထားပါ။
၂။ အိုးထဲ ရေ ၁ လီတာခန့်ထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆူပွက်ပါက ရေဆေးထားသော အသားကို ထည့်ပြီး ဆူပွက်သည်အထိ တည်ပါ။ အမြှုပ်များထွက်လာပါက မီးပိတ်ပြီး ဆန်ခါ တစ်ခုထဲ လောင်းထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။
၃။ ပြီးလျှင် ပြုတ်မည့်အိုးကို သန့်စင်ပြီး ရေ ၁ လီတာခွဲခန့်ထည့်ပါ။ စပါးလင် ၂ ချောင်းကို ထုပြီး ထည့်ပါ။ ပတဲကောကို ပါးပါးလှီးထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ ကြက်သား အရသာခဲနှင့် ရေစစ်ထားသော အသားတို့ကို ထည့်ပြီး မီးအေးအေးဖြင့် နူးအိသည်အထိ ပြုတ်ထားပါ။ လိုအပ်ပါက ဆားအနည်းငယ်ထည့်ပါ။
၄။ အမဲသားအကြော နူးအိပါက ပန်းကန်ထဲ ထည့်ပြီး ငံပြာရည်၊ သံပရာရည်၊ ငရုတ်သီး အလှော် မှုန့်၊ ကြက်သွန်မြိတ်၊ နံနံပင်နှင့် ပင်စိမ်းရွက်တို့ကို မိမိနှစ်သက်သလို အပေါ့အငန် ထည့်ပြီး ပူပူစပ်စပ်ယိုးဒယား အမဲစွပ်ပြုတ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။

crd
Post a Comment