Header Ads

ရေစိမ်ခေါက်ဆွဲ၊ရှမ်းခေါက်ဆွဲ


ရေစိမ်ခေါက်ဆွဲ၊ရှမ်းခေါက်ဆွဲ

ခေါက်ဆွဲ တစ်ပိသာဆို တစ်အိမ်သားလုံးစားလို့ရပါတယ်

အသားခဲဟင်းအတွက် ကြိုက်ရာအသားအသုံးပြုနိုင်ပါတယ်

ကြက်သားကို အတုံးသေးလေးတွေ တုံးပြီး ရှောက်ကော ပါးကော၊ငရုတ်ကောင်းမှုန်နဲ့

ပဲငံပြာရည် အချို၊အငံနှစ်မျိုးလုံးသင့်ယုံရောထည့်နယ်ပေးပါ (ထမင်းစားဇွန်း 1ဇွန်း)

အနှစ်ကြိုက်ရင်ခရမ်းချဥ်သီး၊​ကြက်သွန်နီ ကြိတ်ပြီး အနှစ်ထည့်လို့ရပါတယ်

ဆီပူရင် ကြက်သွန်နီ ဆီသတ်ပါပြီးလျှင် သားကိုထည့်ပြီးကြော်ပေးပါ မိမိလိုချင်သောအနေ

ထားရောက်ပါက ခရမ်းချဉ်သီး အနှစ်ရောပြီး အရသာမှုန့်ထည့်ပါ ပဲငံပြာရည် အချို၊အငံ

အနည်းငယ်ထပ်ပေါက်ပါ.💥💥💥.(.ခရမ်းချဉ်သီး ရောထည့်ရင် အထားမခံပါဘူးရှင့် )

များသောအားဖြင့် အသားသပ်သပ်အနှစ်သပ်သပ်ချက်ကြပါတယ်

-ကြက်သွန်ဖြူ ဆီချက်

-ပဲငပိ(မပါလဲရ) ၊ ကြာညို့အချို -ထုံချွင် (ထမင်းစားဇွန်း1ဇွန်း)၊အငံ- မြင်းပျံ(အနည်းငယ်သာထည့်ရန်)

-ကြက်သွန်မိတ် ၊ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပါ

မုန့်ညှင်းချဥ်အလွယ်တကူရှာမရင်

ဂေါ်ဖီထုပ်ကိုပါးပါးလှီးပါ ၊ငရုတ်သီးစိမ်းတောက်တောက် နဲ့ နာနံပင်ပါးပါးလှီးထည့်ပါ

ရှာလကာရည်၊(အကြည်/အနေှာက်ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်)

ဆား၊အရသာမှုန့်ထည့်နယ်ပါ အချဥ်ကလိုသလို နဲနဲ ချင်ူထည့်ပါ လက်လွန်ရင် စားမကောင်းဘူး နော်

🍜🍜🍜🍜🍜🍜ပြင်ဆင်မယ်

ရေနွေးပွက်ပွက်ဆူမှ ခေါက်ဆွဲ ထည့်ပါမယ်နော်

ရေနွေးမပွက်ဘဲထည့်ရင်စားမကောင်းပါဘူးနော်

ခေါက်ဆွဲ ပြုတ်ရင်အရမ်းမပျော့ပါစေနဲ့နော်...

ခေါက်ဆွဲ ကိုပြန်ဆယ်ပြီးအဆာပလာများထည့်ပြီး ဆား၊အရသာမှုန်ထည့် ငရုတ်ကောင်း ဖြူးပြီး ကြက်သွန်မိတ် ထည့်ပါ

အရည်နဲ့စားမယ်ဆို ကြက်အရိုးပြုတ်ရည်၊ရိုးရိုးရေနွေးပူထည့်လဲရပါတယ်...

No comments