
ငါးဆုပ်ဆန်လှော်အနှစ်ချက်
ကရင်ချက်နည်းကိုအခြေခံထားပါတယ်ရှင့်။


ငါးဖယ် - ၃၀ သား
မွှေးဆန်လှော်မှုန့် - ၃၀၀ တန်တစ်ထုပ်
စပါးလင်နုနု - ၂ ချောင်း
ဂျင်း - လက်တစ်ဆစ်
ကြက်သွန်ဖြူဥကြီး - ၆ မွှာ
မဆလာ/ဆား/ဟင်းချိုမှုန့် - အနည်းငယ်
ငရုတ်သီးစိမ်း - မိမိစားနိုင်သလောက်
ဖာ့ကီးမန်းကော်/ဖက်ဖယ်/နံနံပင်တို့နဲ့
ဆီအနည်းငယ်တို့ပါဝင်ပါတယ်ရှင့်။
အထက်ပါပစ္စည်းတွေကတော့ ငါးဆုပ်ဆုပ်ဖို့
လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ရှင့်။
ကဲ ငါးဆုပ်ဆုပ်ဖို့လုပ်ကြရအောင်


ဂျင်း/ကြက်သွန်ဖြူ/ငရုတ်သီးစိမ်း/စပါးလင်ကို
ဆား/ဟင်းချိုမှုန့်အနည်းငယ်စီထည့်ထောင်းပါ။
ညက်အောင်ထောင်းပြီး ဖာ့ကီးမန်းကော် ဖက်ဖယ်
နံနံပင် ဆန်လှော်မှုန့်ထည့်ထောင်းပါ။
ထောင်းထားတာတွေကိုငါးဖယ်ဇလုံထဲထည့်ပြီး
ဆီအနည်းငယ်ထည့်ကာအားလုံးရောနယ်ပါ။
မဆလာပါထည့်နယ်ရမယ်နော်။


ကြက်သွန်ဖြူ/နီကိုညက်အောင်ထောင်းပြီး
ခရမ်းချဉ်သီးနုတ်နုတ်စင်းကာ အရောင်တင်
နနွင်းတို့ထည့် ဆား/ဟင်းချိုမှုန့်အနည်းငယ်
ထည့်ပြီးအနှစ်ကိုဆီပြန်ပြီးလိန်နေတဲ့ထိချက်ပါ။
အနှစ်ရပြီဆိုရင် ရေထည့်ပြီးဆူအောင်တည်
ရေဆူပြီဆို ခုနကနယ်ထားတဲ့ငါးဆုပ်တွေကို
အပြားလေးတွေလုပ်ထည့်ပြီး ဆီပြန်တဲ့ထိချက်
ဆီပြန်လာရင် ဖာ့ကီးမန်းကော် ဖက်ဖယ် နံနံပင်
တို့ထည့်မွှေချက်လိုက်ရင်ရပါပြီရှင့်။
crd
Post a Comment