ကြက်သားခေါက်ဆွဲကြော် ချဉ်ငံစပ်ပြုလုပ်နည်း
ကြက်သားခေါက်ဆွဲကြော် ချဉ်ငံစပ်ပြုလုပ်နည်း
ခေါက်ဆွဲကို အမျိုးမျိုးလုပ်စားလို့ ရပါတယ်။ ဒီထဲကမှ အရသာရှိပြီး လုပ်ရတာ လွယ်ကူတဲ့့ ထိုင်းစတိုင်လ် ခေါက်ဆွဲချဉ်ငံစပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများ
အသင့်စားခေါက်ဆွဲခြောက် ၃ ခု
ကြက်သား ၁၀ သား
ပဲငံပြာရည် အကြည် တစ်ဇွန်း
ငံပြာရည် တစ်ဇွန်း
သံပုရာသီးတစ်ခြမ်း
တုံယမ်းအနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ငရုတ်သီးအမှည့် ၁၀ တောင့်
မုန်ညင်းစိမ်း အနည်းငယ်
ဆီ
ကြက်သားမှုန့် တစ်ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားကို ဆားထည့် ပြုတ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။
မုန်ညင်းစိမ်း နှင့် ငရုတ်သီးတောင့်များ ကိုလည်း လှီးဖြတ်ထားပါ။
ခေါက်ဆွဲကို ပြုတ်၍ ရေစစ်ထားပါ။
ဒယ်အိုးထဲတွင် ဆီကိုအပူပေး၍ ကြက်သား၊ ပဲငံပြာရည်တို့ကို ကြော်ပါ။
ထို့နောက်မုန်ညင်းစိမ်းကို ထည့်၍လုံးပေးပါ။
ပါဝင်ပစ္စည်းအားလုံးကိုထည့်ပါ။
သေသေချာချာ ရောမွှေပြီးလျှင် အရသာရှိသော ချဉ်ငံစပ်ခေါက်ဆွဲကြော်ကို စားသုံးနိုင်ပါပြီ။

Post a Comment