Header Ads

ရွှေကြည်ဆနွင်းမကင်းလုပ်နည်း


ရွှေကြည်ဆနွင်းမကင်းလုပ်နည်း
+++++++++++++++++++++

ပြုလုပ်နည်းလေး ကို အလှုတွေမှာ ပြုလုပ်လို့ရအောင် ဒီနေ့ပြောပြမယ်နော်

ရွှေကြည်ဆနွင်းမကင်းပြုလုပ်နည်း များစွာရှိမှာပါ ဒါပေမဲ့ လူတိုင်းလုပ်ရတာလွယ်ကူမဲ့

နည်းလမ်းကိုဘဲပြောပြပါ့မယ် ဒါမှလွယ်လွယ်လေးဆိုပြီး လုပ်စားဖြစ်မှာလေ 😋

ရွှေကြည်တစ်ပိသာ အချိုးနဲ့ပြောပြပါ့မယ်

ပွဲထိုင်ဗန်းဆို ပုံမှန် တစ်ပိသာ နဲနဲထူချင်ရင် တစ်ပိသာ၂၅ ကျပ်သားလောက် လုပ်လို့ရပါတယ်

ရွှေကြည် တစ်ပိသာ

အုန်းသီးရင့်ရင့် ၆ လုံး

နို့စိမ်း ၅ လုံး

ကြက်ဥ အလုံး ၂၀

သကြား ၅၀သား ( အစိမ့်)

ထောပါတ် ၂၀သား

ဆီ ၂၅ ကျပ်သား

စပျစ်သီးခြောက် အချို ၁၅ ကျပ်သား

ဆားနဲနဲ

ဘိန်းစေ့ နဲနဲ လိုအပ်ပါတယ်

အကောင်းစား အရသာရှိလှတဲ့ ရွှေခြည်ဆနွင်းမကင်း တစ်ပိသာ အိုးရဲ့အချိုးပါရှင်

ပြုလုပ်နည်း 
***********

ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။
ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။ 
ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထဲ့ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထဲ့ပါ ဆီထဲ့ပါ ဆားထဲ့ပါ။နို့စိမ်း ၅ ဗူးထဲ့ပါ။ အားလုံးသမအောင်ရောမွှေပါ။

မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။

ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။ 

ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။ အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။ 

ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက်
ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။
စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီရှင်။

Credit : ချက်နည်းပြုတ်နည်း

No comments