Header Ads

ဝက်α€œα€€်α€…ွပ်ပြုတ်



ဝက်α€œα€€်α€…ွပ်ပြုတ်
-------------------------
ဝက်α€žားα€…ားα€žူတွေ ထကြိုα€€်တတ်ဆုံးα€žော α€Ÿα€„်းα€œျာတစ်α€™α€š်α€œို့တောင် ပြောα€œို့ရပါα€α€š်။ ဝက်α€œα€€်α€…ွပ်ပြုတ်α€€ို ဝက်α€žားα€…ားα€žူတိုင်းα€”ီးပါး α€€ြိုα€€်α€€ြပါα€α€š်။ ထခုα€œα€Š်း α€žα€˜ာဝဆန်တဲ့ α€‘α€›α€žာα€”ဲ့ပြုတ်ထားတဲ့ ဝက်α€œα€€်α€…ွပ်ပြုတ်α€€ို တင်ဆက် ပေးα€œိုα€€်ပါα€α€š်α€›ှင်။

ပါဝင်ပစ္α€…α€Š်းα€™ျား
• ဝက်α€œα€€် (ဝက်၏ထရှေ့α€˜α€€်α€™ှα€œα€€်) α€’ါα€™ှα€‘α€žားပေါပြီး ပိုα€…ားα€€ောင်း ပါα€α€š်။
• α€€ြα€€်α€žွα€”်α€–ြူα€—α€™ာα€₯ - ၃ α€œုံး
• ချင်း - α€œα€€်၂ဆစ်ခန့်
• α€”ံα€”ံပင်ထမြα€…် - ၅ ပင်
• ကရဝေးα€›ွα€€် - ၁ α€›ွα€€်
• α€žα€…်α€€ြံပိုးခေါα€€် - α€œα€€်α€žα€Š်းခွံα€œောα€€်α€žာ
• α€œေးα€Šှင်း - ၂ ပွင့်
• α€žα€€ြား - α€…ားပွဲဇွα€”်း ၂ ဇွα€”်း
• ဆား - α€…ားပွဲဇွα€”်းတစ်ဝက်
• ပဲငံပြာα€›α€Š်ထကြα€Š် - α€…ားပွဲဇွα€”်း ၂ ဇွα€”်း

ပြုတ်α€”α€Š်း
ထရင်ဆုံး ဝက်α€œα€€်တွေα€€ို α€˜ာα€™ှα€™α€œုပ်α€žေးခင် α€™ီးα€–ိုပေါ်တင် α€™ီးα€™ြှိုα€€်ပါ။ ထပေါ် ထရေခွံတွေ α€‘α€”α€Š်းα€„α€š်α€€ျွα€™်းပြီး α€™α€Š်းပါα€…ေ။ α€’ါα€™ှချα€€်ပြီးတဲ့ထခါ ပိုα€œို့α€™ှα€™ွှေးပါα€α€š်။ α€™ီးα€™ြှိုα€€်ထားတဲ့ ဝက်α€œα€€်α€€ို α€›ေထေးထဲ တန်းα€…ိα€™်ပါα€›ှင်။ α€›ေထေးထဲ တန်းα€™α€…ိα€™်ရင် α€‘α€™α€Š်းတွေ ခွာရခက်α€žွားပါα€α€š်။ ထဲ့တော့α€™ှ α€‘α€žာα€šာပွတ်ဆေးပါ။ α€…ိတ်α€€ြိုα€€် တုံးထားပါ။ ဆား၊ ပဲငံပြာα€›α€Š်ထကြα€Š်တို့α€”ဲ့ α€”α€š်ထားပါ။ ချင်းα€€ို ဓားပြားα€›ိုα€€်ထားပါ။ ဆီα€‘α€”α€Š်းα€„α€š်ထဲ ချင်း၊ α€žα€…်α€€ြံပိုးခေါα€€်၊ ကရဝေးα€”ဲ့ α€œေးα€Šှင်းα€€ိုα€™ွှေးα€œာα€›ုံα€™ျှ ဆီα€žα€် ပါ။ α€›ေα€”ွေးထိုးဆူထောင် α€α€Š် ထားပါ။ α€™ွှေးα€œာရင် α€žα€€ြားα€‘α€Š့်α€€ြော်ပါ။ α€žα€€ြားတွေ α€›ဲပြီး တူးα€œာရင် ဝက်α€œα€€်တွေα€‘α€Š့်ပြီး α€žα€€ြားထရောင်တွေ ဝက်α€œα€€်ထဲ α€›ဲα€”ေထောင် ကပ်α€žα€Š်ထထိ α€…ိတ်α€›ှα€Š်α€…ွာ α€œုံးပါ။ α€žα€€ြားတွေ ထရမ်းတူးα€œာရင် α€›ေα€‘α€”α€Š်းα€„α€š် α€‘α€Š့်α€”ိုင်ပါα€α€š်။ ဝက်α€œα€€် α€žားတွေထားα€œုံး ထရောင်α€œှα€œာပြီဆိုရင် ဆူα€œာပြီα€–ြα€…်တဲ့ α€›ေα€”ွေးထိုးထဲ ထကုα€”်α€‘α€Š့်ပါ။ α€€ြα€€်α€žွα€”်α€–ြူα€€ို ထပေါ်ခွံခွာ α€›ေဆေးပြီး α€‘α€œုံးα€œိုα€€် α€‘α€Š့်ပါ။ α€”ံα€”ံပင်ထမြα€…် α€‘α€Š့်ပါ။ ထစပိုင်းα€™ှာ ၁၅ α€™ိα€”α€…်ခန့် α€™ီးα€›ှိα€”်ပြင်းα€”ှင့် ပြုတ်ပါ။ ၁၅ α€™ိα€”α€…် α€”ောα€€်ပိုင်း α€™ီးα€›ှိα€”် α€œုံးα€α€œျှော့ချပြီး α€™ီးထေးထေးα€”ှင့် ထိα€…α€€်α€œာα€žα€Š်ထထိ ပြုတ်ပါ။ ထပေါ်ဆီတွေ ခပ်ထုတ်ပါ။ α€”ူးα€žွားပြီဆိုရင် α€žုံးဆောင်α€œို့ရပါပြီα€›ှင်။
crd

No comments