ဝက်လက်စွပ်ပြုတ်
-------------------------
ဝက်သားစားသူတွေ အကြိုက်တတ်ဆုံးသော ဟင်းလျာတစ်မယ်လို့တောင် ပြောလို့ရပါတယ်။ ဝက်လက်စွပ်ပြုတ်ကို ဝက်သားစားသူတိုင်းနီးပါး ကြိုက်ကြပါတယ်။ အခုလည်း သဘာဝဆန်တဲ့ အရသာနဲ့ပြုတ်ထားတဲ့ ဝက်လက်စွပ်ပြုတ်ကို တင်ဆက် ပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
• ဝက်လက် (ဝက်၏အရှေ့ဘက်မှလက်) ဒါမှအသားပေါပြီး ပိုစားကောင်း ပါတယ်။
• ကြက်သွန်ဖြူဗမာဥ - ၃ လုံး
• ချင်း - လက်၂ဆစ်ခန့်
• နံနံပင်အမြစ် - ၅ ပင်
• ကရဝေးရွက် - ၁ ရွက်
• သစ်ကြံပိုးခေါက် - လက်သည်းခွံလောက်သာ
• လေးညှင်း - ၂ ပွင့်
• သကြား - စားပွဲဇွန်း ၂ ဇွန်း
• ဆား - စားပွဲဇွန်းတစ်ဝက်
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
ပြုတ်နည်း
အရင်ဆုံး ဝက်လက်တွေကို ဘာမှမလုပ်သေးခင် မီးဖိုပေါ်တင် မီးမြှိုက်ပါ။ အပေါ် အရေခွံတွေ အနည်းငယ်ကျွမ်းပြီး မည်းပါစေ။ ဒါမှချက်ပြီးတဲ့အခါ ပိုလို့မှမွှေးပါတယ်။ မီးမြှိုက်ထားတဲ့ ဝက်လက်ကို ရေအေးထဲ တန်းစိမ်ပါရှင်။ ရေအေးထဲ တန်းမစိမ်ရင် အမည်းတွေ ခွာရခက်သွားပါတယ်။ အဲ့တော့မှ အသာယာပွတ်ဆေးပါ။ စိတ်ကြိုက် တုံးထားပါ။ ဆား၊ ပဲငံပြာရည်အကြည်တို့နဲ့ နယ်ထားပါ။ ချင်းကို ဓားပြားရိုက်ထားပါ။ ဆီအနည်းငယ်ထဲ ချင်း၊ သစ်ကြံပိုးခေါက်၊ ကရဝေးနဲ့ လေးညှင်းကိုမွှေးလာရုံမျှ ဆီသတ် ပါ။ ရေနွေးအိုးဆူအောင် တည် ထားပါ။ မွှေးလာရင် သကြားထည့်ကြော်ပါ။ သကြားတွေ ရဲပြီး တူးလာရင် ဝက်လက်တွေထည့်ပြီး သကြားအရောင်တွေ ဝက်လက်ထဲ ရဲနေအောင် ကပ်သည်အထိ စိတ်ရှည်စွာ လုံးပါ။ သကြားတွေ အရမ်းတူးလာရင် ရေအနည်းငယ် ထည့်နိုင်ပါတယ်။ ဝက်လက် သားတွေအားလုံး အရောင်လှလာပြီဆိုရင် ဆူလာပြီဖြစ်တဲ့ ရေနွေးအိုးထဲ အကုန်ထည့်ပါ။ ကြက်သွန်ဖြူကို အပေါ်ခွံခွာ ရေဆေးပြီး အလုံးလိုက် ထည့်ပါ။ နံနံပင်အမြစ် ထည့်ပါ။ အစပိုင်းမှာ ၁၅ မိနစ်ခန့် မီးရှိန်ပြင်းနှင့် ပြုတ်ပါ။ ၁၅ မိနစ် နောက်ပိုင်း မီးရှိန် လုံးဝလျှော့ချပြီး မီးအေးအေးနှင့် အိစက်လာသည်အထိ ပြုတ်ပါ။ အပေါ်ဆီတွေ ခပ်ထုတ်ပါ။ နူးသွားပြီဆိုရင် သုံးဆောင်လို့ရပါပြီရှင်။
crd

Post a Comment