ကြာဇံကြော်
ကြာဇံကြော်
°°°°°°°°°°°°°°°°°
ကြာဇံကို တစ်နာရီခန့် ကြိုတင်ရေစိမ်ထားပေးပါ။
ပြီးမှ ဇကာဖြင့်ရေစစ်ထားပေးပါ။
အသားဖြင့်ကြော်မယ်ဆိုရင် အသားကိုတုံးပြီးကြက်သားမှုန့်ဖြင့်နယ်ထားပေးပါ။
နှစ်သက်ရာအသီးရွက်များကိုရေဆေးပြီးလှီးထားပေးပါ။
ဘဲဥတစ်လုံးကိုကြော်ထားပြီး ကပ်ကြေးဖြင့် အတုံးသေးသေးလေးတွေညှပ်ထားပေးပါ။
ကြော်မယ့်ဒယ်အိုးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ ၅မွှာလောက် ဓါးပြားရိုက်ပြီး ဆီသပ်ပါ။ ပြီးမှ အသားထည့်ကြော်ပါ။ အသားကြော်ရပြီဆိုမှ လှီးထားသောအသီးရွက်များထည့်ကြော်ပါ။ ကြာညို့ ခရုဆီ ထည့်ပြီးမွှေပါ။ အသီးရွက်နွမ်းပြီဆိုမှ ကြာဇံထည့်ပါ။ ကြက်သားမှုန့် သကြားအနည်းငယ်ထည့်ပြီး အထက်အောက် လှန်ပြီး မီးအေးအေးဖြင့်ကြော်ပေးပါ။
နောက်ဆုံးမှ ညှပ်ထားတဲ့ ဘဲဥကြော်များထည့်ပြီးမွှေပါ။
( ဘဲဥကြော်မထည့်လည်းရပါတယ် )
အချဉ်ရည်ကတော့ အသင့်စားငရုတ်ဆီအစပ်ထည့်ပြီး ကြက်သွန်နီအကွင်းလိုက်လှီး ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး ဒီလိုဘဲ အချဉ်ရည်ဖျော်လို့ရပါတယ်။

crd
Post a Comment