Header Ads

ပုစွန်ငါးဆုပ်ကြော်


ပုစွန်ငါးဆုပ်ကြော်
🙋ဟင်းအော်ဒါချက်နေရတာနဲ့မအားလို့
ခုမှတင်ရတယ်....😊
✏ ပုစွန် ၂၀ သားကိုခေါင်းအခွံတွေအကုန်ချွတ်ပြီး
ဆား ဆနွင်း အရသာမှုန့်လေးသင့်ရုံနယ်ထားပြီးထောင်း
✏ စေးနေအောင်ထောင်းပြီးရင်....
ကော်မှုန့်tsp ၁ ဇွန်း...မွှေးလိပ်ပြာအကြော်မှုန့်ဟင်းစာဇွန်း
တစ်ဇွန်းတို့နဲ့ရောနယ်ပြီး
✏ ဆီပူလာရင်မီးအနေတော်နဲ့အလုံးသေးလေးတွေလုံးပြီးကြော်
✏ ဂျင်းလက်တစ်ဆစ် ၊ကြက်သွန်ဖြူ ၂ လုံး ၊
ကြက်သွန်နီ ၂ လုံး ၊ငရုတ်သီးအစိမ်းမှုန့် tsp ၁ ဇွန်းတို့ထည့်ပြီး
ဆီသတ်
✏ ကြက်သွန်တွေကြွပ်ပြီးမွှေးလာရင်
ပုစွန်ငါးဆုပ်ကြော်ထားတာလေးတွေထည့်ကြော်
ငါးငံပြာရည်လေးဟင်းစာဇွန်းတစ်ဝက်လောက်ဖြန်းလိုက်တော့
😋ဝိုး.....တစ်မျိုးလေးနဲ့ကောင်းနေရောပေါ့
👦ငါးမကြိုက်တဲ့သားကြီးကတော့ဂွတ်တယ်တဲ့
👬ကိုယ့်သားလေးတွေ စားကောင်းနေတာတွေ့ရင်ပီတိဖြစ်နေတဲ့
💁မေမေပါလို့
ဟင်းချက်ဝါသနာပါတဲ့Mar Lay

No comments