Header Ads

ပင်လယ်စာခေါက်ဆွဲကြော်



ပင်လယ်စာခေါက်ဆွဲကြော်
*************************

ခေါက်ဆွဲခြောက်၁စည်း( သို့) အစို.............၄၀ သား
မိမိနှစ်သက်ရာအသား...အနည်းငယ်
ပုစွန်၊ ကင်းမွန်ရောရာ...၂၀ကျပ်သားခန့်
ကြက်ဥ .......................၃ လုံး
ဘိုစားပဲ......................၁၀ ကျပ်သား
ဥနီ.............................၁၅ကျပ်သား
ဂေါ်ဖီ........................၂၅ ကျပ်သား
ပန်းပွင့်.......................၁၅ ကျပ်သား
ကြက်သွန်မြိတ်...........၃ပင်
တရုတ်နံနံ...................၃ ပင်
ကြက်သွန်နီ................၁ လုံး (ပါးပါးလှီး)
ကြက်သွန်ဖြူ...........၅ တက်( နုပ်နုပ်စင်း)
ABCပဲငံပြာရည်အကြည်
ABCပဲငံပြာရည်အပျစ်
ခရုဆီ

ပထမဆုံးခေါက်ဆွဲနဲ့ရောကြော်မဲ့အသီးအရွက်တွေကိုအမျှင်ခပ်ကြီးကြီးပုစံ
ရအာင်လှီးဖြတ်ထားပါ။

ခေါက်ဆွဲ ကို ရေနွေးဆူဆူမှာပြုတ်ပြီးရေအေးလောင်းအအေးခံထားပါ။

ဒယ်အိုးတစ်လုံးမှာခေါက်ထားတဲ့ကြက်ဥတွေကို ထည့်မွှေကြော်ပါ။

ချက်ချင်းဆိုသလိုအသားအနည်း ငယ်ထည့်ကြော်ပြီး ကြက်သွန်နီ၊ ဖြူတွေကိုလည်းထည့်မွှေပါ။

ပင်လယ်စာတွေထည့်ကြော်ပါ။

ထို့နောက်အသီးအရွက်တွေထည့်ပြီးပါ၀င်သောအရသာများဖြင့်ဖြည့်စွက်
ပြီး၂ မိနစ်ခန့် အဖုံးအုပ်ထားပါ။

အသီးအရွက်တွေနှူးအိပြီဆိုလျှင်ပြုတ်ပြီးရေစစ်ထားတဲ့ခေါက်ဆွဲတွေထပ်
ပေါင်းကာ မီးပြင်းပြင်းနှင့်၃ မိနစ်ခန့် ဆက်ကြော်ပေးပါ။

နောက်ဆုံးကြက်သွန်မြိတ်၊ တရုတ်နံနံတွေဖြူးထည့်ပြီးငရုတ်ကောင်းမှုန့်
နှင့်တရုတ်မဆာလေးဖြူးပေးပါ။

No comments