အာပြဲခြောက်ကြော် မွမွလေး"
အာပြဲခြောက်ကြော် မွမွလေး အတွက် လိုအပ်တာလေးတွေ
၁။ ဆီ 2 cups (500 ml)
၂။ ပါးပါးလှီးထားသော ကြက်သွန်နီ -1 1/2 cups (375 ml)
၃။ ပုံပါအတိုင်း တစ်လက်မအရွယ်ခန့် ခပ်သေးသေးခုတ်ပိုင်းထားသော အာပြဲခြောက် 300 g ကိုရေဆေးပြီး
(သေချာစွာခြောက်သွေ့အောင် နေလှန်းထားပါ။ )
၄။ ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ ထမင်းစားဇွန်း ၄ ဇွန်းခန်.
၅။ ပုဇွန်ခြောက်မှုန်. 3 cups
၆။ ငရုတ်သီးအကြမ်းမှုန်. ထမင်းစားဇွန်း ၅ ဇွန်း (သို.) ကိုယ်အစပ်စားနိုင်သလောက်
၇။ကြက်ဖတံဆိပ်မဆလာတို့လိုအပ်ပါတယ်။
ဤမဆလာသည်လိမ္မော်နံ့သင်းသင်းလေးဖြင့်အာပြဲခြောက်ကြော်နှင့်အလွန်လိုက်ဖက်ပါသည်ကျန်မဆလာများသုံး၍အဆင်မပြေပါ။
(ကြက်ဖတံဆိပ်မဆလာ ကို
မန္တလေးမြို့ 28လမ်း
8485လမ်းကြား
ကိုထွန်းခင်
ကြက်တံဆိပ်ကုန်စုံဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်။)
အာပြဲခြောက်ကြော်နည်း
၁။ ပထမဆီပူထဲ ကြက်သွန်နီထည့်ပြီး high heat နှင့် မွှေကြော်ပေးပါ။
၂။ ညိုဝါရောင်စသန်းလာလျှင်မတူးစေရန် မီးဖိုပေါ်မှဒယ်ကိုဖယ်ကာ ဆီအပူရှိန်နှင့် ကြက်သွန်နီများ ဆက်ပြီး ကျက်၍
အနီရောင် ရအောင် ၃ မိနစ်ခန်. ဆက်ပြီးမွှေပေးပါ။
၃။ ပြီးလျှင် ဆယ်ထုတ်ကာ ဇကာထဲထည့်ပြီး ဆီစစ်ထားပါ။
၄။ ထိုဆီပူထဲ ငါးခြောက် နှင့် ကြက်သွန်ဖြူထည့်ကာ medium heat နှင့် အောက်ပါပုံ အတိုင်း ဝါညိုရောင် ဖြစ်လာသည်အထိ မွှေကြော်ပေးပါ။
(ဆီအမြှုပ်များထပြီး ဝေမကျစေရန် နှင့် ကြက်သွန်ဖြူများ တူးမသွားစေရန် မီးအပူကိုလိုသလိုလျှော့ထားပြီး မကြာခဏမွှေပေးဖို.လိုပါတယ်။)
၅။ ဝါညိုရောင်ပြောင်းလာသည်နှင့် ပုဇွန်ခြောက်မှုန်.များထည့်ပြီး ၁ မိနစ်ခန်.မွှေကြော်ပေးပါ။
ပြီးလျှင် ငရုတ်သီးအကြမ်းမှုန်.ထည့်၊ကြက်တံဆိပ်မဆလာထည့်
ကာ မီးအပူကို အနည်းငယ်ထပ်လျှော့ပြီး မီးအေးအေးနှင့် ငါးခြောက် နှင့် ပုဇွန်ခြောက်များ မွပြီးကြွပ်လာအောင် ၅ မိနစ်ခန်. မွှေကြော်ပေးပါ။
ပြီး မှမီးဖိုပေါ်မှချကာ အအေးခံထားပါ။
(ဆီများတတ်နိူင်သမျှ မကျန်စေရန် လိုအပ်လျှင် ပုဇွန်ခြောက်မှုန်.ထပ်ထည့်ပေးပါ၊)

အာပြဲခြောက်ကြော်အေးသွားလျှင် အအေးခံထားသည့်ကြက်သွန်ကြော်လေးနှင့် ရောမွှေကာ လိမ္မော်နံ့သင်းသင်းစပ်စပ်အာပြဲခြောက်ငါးအစပ်ကြော်ကိုစားသုံးနိုင်ပါပြီ။
Post a Comment