မုန်ညင်းချဉ် ပဲငပိ ချဉ်စပ် ဟင်းရည်
မုန်ညင်းချဉ် ပဲငပိ ချဉ်စပ် ဟင်းရည်*
ကိုးရီးယားတွေက သူတို့နိုင်ငံကထွက်တဲ့ ကင်မ်ချီကို အမျိုးမျိုး လုပ်စားကြတယ်။ တကယ်တမ်းတော့ ကိုးရီးယားကင်မ်ချီထက် မြန်မာပြည် ရှမ်းပြည်ဘက်ကထွက်တဲ့ မုန်ညင်းချဉ်တွေက ပိုပြီး အရသာရှိတယ်။ ကျွန်မတော့ ကင်မ်ချီ အရသာထက် ပိုပြီး ကြိုက်တယ်။
သူတို့တွေက ကင်မ်ချီကို ဟင်းရည်လည်းချက်ကြသလို ကျွန်မတို့ဆီက မုန်ညင်းချဉ်ကလည်း ဟင်းရည်ချက်ရင် ချဉ်စပ်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။
ကျွန်မချက်တဲ့ မုန်ညင်းချဉ် ပဲငပိဟင်းရည်ကတော့ ဒီလိုပါ။ ဆီနည်းနည်းလေးကို ပူအောင် တည်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်းပါးပါးလှီးထားတာလေးကို ဆီသတ်လိုက်ပြီး မုန်ညင်းချဉ်ကို ထည့်လိုက်ပါတယ်။ ငရုပ်သီးအနှစ် တစ်ဇွန်းလောက်ထည့်မွှေပြီး ရေကို လိုသလောက်ထည့်ပါတယ်။ ဆား၊ ငံပြာရည်နဲ့ အရသာမှုန့်တို့ ထည့်ပါတယ်။ ပဲငပိကို ပုလင်းနဲ့လာတာဖြစ်ဖြစ်၊ အထုပ်နဲ့ဖြစ်ဖြစ် ၂ဇွန်းလောက် ထည့်ပါတယ်။ ဟင်းရည်ပွက်ပွက်ဆူလာရင် ထည့်ချင်တဲ့ အသီးအရွက် တစ်ချို့ ထည့်နိုင်ပါတယ်။ မုန်လာဥနီ၊ ဖရုံသခွား (Zucchini)၊ ကြက်အူချောင်း ပါးပါးလှီးထည့်ပါတယ်။ (သက်သတ်လွတ် စားချင်ရင် ကြက်အူချောင်းမထည့်နဲ့ပေါ့နော်) ခပ်စပ်စပ်လေးကြိုက်ရင် ငရုပ်သီးစိမ်းတောင့် ထပ်ထည့်ပါတယ်။ အရသာ အပေါ့အငံမြည်းပြီး ကြက်သွန်မြိတ်၊ နံနံ စသဖြင့် မိမိနှစ်သက်ရာကို ခတ်လိုက်ပါတယ်။ ဒါဆိုရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ ခံတွင်းလိုက်စေမဲ့ မုန်ညင်းချဉ် ပဲငပိဟင်းရည်ရပြီနော်။

crd
Post a Comment