ဝက်သားငါးပိချက်
°°°°°°°°°°°°°°°°°°°°°
ဒီဟင်းကသာမန်ချက်နည်းတွေထဲကနေအသာလေးသွေဖီခွဲထွက်ပြီးချက်ထားတဲ့ဟင်းပါ။ ကျွန်တော်က မြန်မာအစားအစားနဲ့ တိုင်းရင်းသားရိုးရာတွေကို ရောယှက်ဖန်တီးရတာပိုနှစ်သက်ပါတယ်။
ဝက်သားကို ငါးပိနဲ့ ချက်တာကသာမန်ဆိုပေမယ့်
ခရမ်းကစော်ခါးသီးလဲတွဲဖက်အဖြစ်ထည့်ထားပြီး
ငရုတ်သီးစိမ်းနှိုင်းချင်းအုပ်ထားတယ်။
သူရဲ့မူလဟင်းက အရောင်မများ၊ ဆီမပြန်ပေမယ့်
ကျွန်တော်က (၂)ရက်လောက်ထားပြီးစားချင်တာရယ်၊ အရောင်လှချင်တာရယ်ကြောင့် နည်းနည်းလေးကွန့်ထားမိပါတယ်။ အသားမှာ အကြောလေးတွေပါရင်ပိုကောင်းပါတယ်။ နိူ့အုံသားလိုမျိုးဆိုအကောင်းဆုံးပေါ့။
ပါဝင်ပစ္စည်းများ
ဝက်သား............၂၀ကျပ်သား
ငါးပိ....................ကွမ်းသီးလုံးခန့်
ခရမ်းကစော့သီး...၂၀လုံးခန့်
ကြက်သွန်နီ ..........၂လုံး
ခရမ်းချဉ်သီး..........၃လုံး
ကြက်သွန်ဖြူ.........၅တက်
ငရုတ်သီးစိမ်း.........၁၀တောင့်ခန့်
ပထမဦးဆုံး ဝက်သားကို ခပ်ပါးပါးလှီးပြီး
ငါးငံပြာရည်၊ အရသာမှုန့်၊ ဟင်းချက်ဝိုင်အရက်ဖြင့်အရသာနယ်ထားပါ။
ငါးပိကိုရေနွေးစိမ်ထားပါ။(ကျွန်တော်က မြိတ်ငါးပိအကောင်းစားသုံးထားပါတယ်)
ကြက်သွန်နီ၊ ဖြူ ၊ ငရုတ်သီးကြမ်းဖတ်ကို နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ နှင့်ညှက်စေးနေအောင်ထောင်းပါ။
ခရမ်းချဉ်သီးကိုနုပ်နုပ်စဉ်းထားပါ။
ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်+ငရုတ်သီးအရောကိုဆီသပ်ပါ။
မွှေးလာလျှင်ခရမ်းချဉ်သီးတွေထည့်ပြီးလှိမ့်နေအောင်ဆီသပ်ပါ။
ခရမ်းချဉ်သီးအိကြေလာပြီဆိုမှ ရေနွေးစိမ်ထားသော ငါးပိကိုထည့်ကာ အဖုံးအုပ်ထားပါ။
ငါးပိအပေါ်မူတည်ပြီးဆားချိန်ဆထည့်ပါ။
အရသာမှုန့်အနည်းငယ်ဖြည့်စွက်ပါ။
ရေခမ်းဆီပြန်လာပြီဆိုမှ အရသာနယ်ထားတဲ့ဝက်သားကိုထည့်ပါ။ခရမ်းကစော့သီးနှင့်ပါးပါးလှီးထားတဲ့ငရုတ်သီးစိမ်းတွေထည့်ကာ အဖုံးအုပ်ထားပါ။
ရေခမ်းဆီပြန်လာပြီဆို ဖိုပေါ်မှချပါ။
မှတ်ချက်။ ဒီချက်နည်းမှာ အနှစ်ကျဆီပြန်မှငါးပိထည့်ပါတယ်။ ငါးပိစိမ်းနံ့ပျောက်မှဝက်သားထည့်ပါတယ်။ ဝက်သားထည့်ပြီးအချိန်အကြာကြီးချက်ပြုတ်ပါက အသားတွေရင့်မာသွားတတ်ပါတယ်။
မိုးအေးအေးလေးနဲ့ဆိုတော့ တစ်ခွက်တည်းနဲ့ပွဲသိမ်းဟင်းပါပဲ။

Post a Comment