Header Ads

α€›ွှေရင်ထေး α€œုပ်α€”α€Š်း



α€›ွှေရင်ထေး α€œုပ်α€”α€Š်း
━━━━━━━━
ထခုα€œိုပူပြင်းတဲ့ ထချိα€”်α€™ှာ α€›ွှေရင်ထေး α€œုပ်α€…ားချင်α€žူα€™ျားထတွα€€်ပါ။
α€›ွှေရင်ထေး(၁၀)ပွဲα€…ာ ထတွα€€်
α€–ြα€…်ပါα€α€š်။
ပါ၀င်ပစ္α€…α€Š်းα€™ျားကတော့
1. α€™ုα€”့်α€œα€€်ဆောင်းဖတ် ၁၀၀၀ α€™ီα€œီα€œီတာ
2. α€žာα€€ူ ၂၅ α€€ျပ်α€žား α€€ျို ထားပါ
3. α€€ောα€€်α€Šှင်းပေါင်း ဆန်ချိα€”်ခွα€€် ၃ ခွα€€်ပေါင်းထားပါ
4. ပေါင်α€™ုα€”့် ၁၀ ချပ်
5. ထုα€”်းα€”ို့α€€ျောα€€်α€€ျော ၂၅ ဂရမ် တထုတ် α€€ျိုထားပါ။
6. ထုα€”်းα€”ို့α€›α€Š် ၁ α€—ူး ခွဲ ( ၆၀၀ α€™ီα€œီα€œီတာ)
7. α€žα€€ြား ၂၅၀ ဂရမ် α€€ို α€›ေ α€‘α€”α€Š်းα€„α€š်α€–ြင့်α€žα€€ြားပျော်α€›ုံα€œေး ထပူပေးပါ။
8. α€›ေခဲ α€œိုα€žα€œောα€€်
9. ဆား α€žα€„့်α€›ုံ
ပြုα€œုပ်α€”α€Š်း
ပထမဦးα€…ွာ α€›ွှေရင်ထေး α€œုပ်α€”α€Š်းထဲα€™ှာ α€œα€€်ထဝင်ဆုံးα€–ြα€…်တဲ့ α€™ုα€”့်α€œα€€်ဆောင်းဖတ်α€œုပ်α€”α€Š်းα€€ို ပြောပြပေးα€™ှာပါ။ဆန်α€™ုα€”့် ထမင်းα€…ားဇွα€”်း αˆα€‡ွα€”်း၊α€€ော်α€™ုα€”့် ထမင်းα€…ားဇွα€”်း ၂ဇွα€”်း၊ဆား၊ဆွα€™်းα€™ွှေးα€›α€Š် α€‘α€”α€Š်းα€„α€š်တို့ α€œိုထပ်ပါα€™α€Š်။α€›ေα€”ွေးပူထဲတွင် ဆွα€™်းα€™ွှေးα€›α€Š်α€™ှထပ ပါဝင်ပစ္α€…α€Š်းα€™ျား α€‘α€Š့်ပါ။ပျα€…်α€œာတဲ့ထထိ α€™ီးထားα€‘α€”α€Š်းα€„α€š်α€–ြင့် α€€ြိုပေးပါ။ပူα€œာα€œျှင် ဆွα€™်းα€™ွှေးα€›α€Š်α€€ို ထရောင်α€œိုα€žα€œို ချိα€”်ပြီး α€‘α€Š့်ပေးပါ။α€›α€œာα€œျှင် α€›ေခဲα€›ေထဲα€žို့ ဆန်ခါခံပြီး α€”α€Š်းα€”α€Š်းချင်း α€œောင်းα€‘α€Š့်ပေးပါ။α€’ါဆိုရင်တော့ α€žα€”့်α€›ှင်းတဲ့ α€™ုα€”့်α€œα€€်ဆောင်းဖတ် ရပါပြီ။ဆိုင်α€™ှာα€œα€Š်း α€™ုα€”့်α€œα€€်ဆောင်းဖတ် α€œုပ်ပြီးα€žားα€€ို α€α€š်α€œို့ ရပါα€α€š်။
ထုα€”်းα€”ို့α€€ျောα€€်α€€ျော ထတွα€€်ကတော့ ထရင်ဆုံး α€žα€€ြား ၃၀၀ဂရန်α€€ို ထုα€”်းα€”ို့ တဗူး α€›ေ(αα€’α€žα€™α…α€œီတာ) α€€ျောα€€်α€€ျောα€™ုα€”့် ၅၀ဂရန်ုတို့α€–ြင့် α€›ေα€™ှာ ပျော်ဝင်α€žွားထောင် α€€ျိုပါ။α€€ျိုα€”ေရင်း α€‘α€”α€Š်းα€„α€š် ပျα€…်α€œာပြီဆိုရင်တော့ α€—α€”်းထဲα€‘α€Š့်ပြီး ထထေးခံပါ။α€—α€”်းα€™ှာ α‚α€œα€€်မထနက်α€›ှိα€œျှင် α€žα€„့်တော်ပါα€žα€Š်။
α€€ောα€€်α€Šှင်းပေါင်း/ချα€€်α€˜ို့ထတွα€€် α€€ောα€€်α€Šှင်းဆန်α€€ို α€›ေα€€ြα€Š်α€œα€„်α€œာတဲ့ထထိဆေးပီး α€‘α€”α€Š်းဆုံး ၆ α€”ာα€›ီ α€›ေα€…ိα€™်ထားပါ၊ ဇကာα€”ဲ့α€›ေα€€ုα€”်ထောင်α€…α€…်ပါ၊
ချα€€်တော့α€™α€Š် ဆိုတဲ့ထခါ rice cooker ထိုးα€”ဲ့တွဲပီးပါα€œာတဲ့ပေါင်းဆကာပေါ် ပိတ်α€…ိα€™်းပါး α€›ေဆွတ်ပီးခင်းပါ၊ ထဲα€’ီထပေါ်α€™ှာ ဆန်α€€ို α€–ြα€”့်ခင်း၊ ထိုးထဲ α€›ေα€‘α€Š့်ပီးနပ်တဲ့ထထိပေါင်းပါ၊ ထထက်ထောα€€်α€œှα€”်ပေးα€˜ို့α€œα€Š်းα€œိုထပ်ပါα€α€š်။ ထိုးα€žေးပီး ဆန်α€™ျားရင် ၂ ခါ ခွဲပေါင်းα€”ိုင်ပါα€α€š်။
ထုα€”်းα€”ို့α€›α€Š် ၁ α€—ူး ခွဲ ( ၆၀၀ α€™ီα€œီα€œီတာ) α€€ို α€›ေ ၁၀၀၀ α€™ီα€œီα€œီတာα€–ြင့် α€–ျော်ထားပါ။
α€žα€€ြား α€€ို α€›ေ α€‘α€”α€Š်းα€„α€š်α€–ြင့်α€žα€€ြားပျော်α€›ုံα€œေး ထပူပေးပါ။
ပန်းα€€α€”်α€œုံးထဲα€™ှာ α€™ုα€”့်α€œα€€်ဆောင်းဖတ်၊ α€€ောα€€်α€Šှင်း၊ α€€ျောα€€်α€€ျော၊ α€žာα€€ူ၊ ပေါင်α€™ုα€”့်၊ α€›ေခဲတို့α€‘α€Š့်ပီး α€žα€€ြားα€›α€Š်၊ ထုα€”်းα€”ို့α€›α€Š်α€œေး ဆမ်းပြီး α€›ေခဲ၁တုံး ၂တုံး α€œောα€€်α€‘α€Š့်α€œိုα€€်α€™α€š်ဆိုရင် တစ်α€™ိα€žားα€…ုα€œုံး α€‘α€›α€žာα€›ှိα€…ွာα€…ားα€”ိုင်တဲ့ α€›ွှေရင်ထေး ထေးထေးα€œေး ရပါပြီ။

No comments