Header Ads

ပဲပင်ပေါက်နှင့်ပဲပြားကြော်နည်း


ပဲပင်ပေါက်နှင့်ပဲပြားကြော်

ပဲပင်ပေါက်နဲ့ပဲပြားကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ………
၁။ ပဲပြား
၂။ ပဲပင်ပေါက်
၃။ ကြက်သွန်နီ
၄။ နနွင်းမှုန့်
၅။ ဆား
၆။ အချိုမှုန့်
၇။ ဆီ
၈။ ပဲငံပြာရည်
၉။ ကြက်သွန်မြိတ် တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး ပဲပင်ပေါက်နဲ့ ပဲပြားကိုရေစင်အောင်ဆေးပါမယ်။ ပြီးရင်တော့ ပဲပင်ပေါက်ကိုရေစစ်ထားပါ။ ပဲပြားကို သင့်တော်တဲ့အရွယ်အစားလေးတွေဖြစ်အောင် ပိုင်းဖြတ်ထားပါ။
အဲဒီနောက် ပဲပြားတုံးလေးတွေကို ဆား၊ နနွင်း၊ အချိုမှုန့်တို့နဲ့ အရသာစိမ့်ဝင်သွားအောင် ဖြည်းဖြည်းစီနယ်ပေးပါ။
ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးထားပါ။ပဲပြားကြော်ဖို့အတွက် ဒယ်အိုးကိုအပူပေးပါ။
အိုးပူလာပြီဆိုရင်တော့ ဆီထည့်ပြီးပဲပြားလေးတွေကို မီးအသင့်အတင့်နဲ့ကြော်ပေးပါ။ တစ်ဖက်ကရဲလာပြီဆိုရင် နောက်တစ်ဖက်ကို
ပြောင်းလှန်ပေးပါ။

အရမ်းကျွတ်ပြီး တူးမသွားအောင်ဂရုစိုက်ပေးပါ။ ကျက်သွားပြီဆိုရင်တော့ ပဲပြားတုံးတွေကိုဆယ်ထားလိုက်ပါ။
ဆီပူထဲကို လှီးထားတဲ့ကြက်သွန်နီတွေထည့်ပါ။ အရောင်ပြောင်းလာပြီဆို ပဲပင်ပေါက်တွေထည့်လိုက်ပါ။ အဖုံးအုပ်ထားပါ။
ပဲပင်ပေါက်တွေနွမ်းသွားပြီဆို ဆား၊ အချိုမှုန့်နဲ့ပဲငံပြာရည်နည်းနည်းစီထည့်ပြီး နှံ့အောင်မွှေပါ။
အဲဒီနောက် ကြော်ထားတဲ့ပဲပြားတွေထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။
ရေပွက်လာပြီဆိုရင်တော့ အရသာမြည်းပြီး ဟင်းအိုးကို မီးဖိုကချနိုင်ပါပြီ။
အဲဒီနောက် ကြက်သွန်မြိတ်လေးဖြူးပြီး ဟင်းပွဲပြင်လို့ရပါပြီ
Credit

No comments