Header Ads

ကြက်သားနှင့် ပဲငါးပိခေါက်ဆွဲကြော်



ကြက်သားနှင့် ပဲငါးပိခေါက်ဆွဲကြော်
------------------------------------------
ပါဝင်ပစ္စည်းများ
• ကြက်သား - ၁ဝဝ ဂရမ် (ပါးပါးလှီးပါ)
• ခေါက်ဆွဲ - ၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၄ မြွှာ (ဓားပြားရိုက်ပါ)
• ကြက်သွန်မြိတ် - အနည်းငယ် (အနေတော်လှီးပါ)
• တရုတ်နံနံ - အနည်းငယ် (အနေတော်လှီးပါ)
• ကြက်ဥ - ၁ လုံး
• ပဲငါးပိ - စားပွဲဇွန်း ၂ ဇွန်း
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• သကြား - အနည်းငယ်
• နှမ်း - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်း - အနည်းငယ်
• ကြက်သွန်ကြော် - အနည်းငယ်
• ငံပြာရည် - အနည်းငယ်
• ဂေါ်ဖီ ၊ မုန်လာဥနီ - ၇ ဂရမ် ( ပါးပါးလှီးထားပါ)
• ကော်ရည် - အနည်းငယ်
• ရေ - ခွက်တစ်ဝက်

ပြုလုပ်နည်း
၁။ ဇလုံထဲ ပါးပါးလှီးထားသော ကြက်သားကို ကော်မှုန့် ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ဆီတို့ကို ထည့်ပြီး နယ်ထားပါ။
၂။ ရေနွေးဆူဆူထဲမှာ ခေါက်ဆွဲကို ဆားအနည်းငယ်ထည့် ပြီး ရေနွေးဖျောပါ။ ၃ မိနစ် ခန့် ပြုတ်ပြီးရင်တော့ ခေါက်ဆွဲ ကို စိမ်ပြီး ရေအေးနဲ့ ဆေးပေးပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက် သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်ဖြူအနံ့မွှေးလာရင် အရသာနယ်ထားတဲ့ ကြက်သားပါထည့်ပြီး ဆီသတ် ပေးပါ။ ကြက်သားကျက်ရင် ကြက်ဥတစ်လုံး ဖောက် ထည့်ပါ။ လှီးထားတဲ့ မုန်လာဥနီ၊ ဂေါ်ဖီ ထည့်ပေးပါ။ အနံ့မွှေးလာပြီဆိုရင်တော့ ပဲငါးပိချို၊ ခရုဆီ၊ ပဲငံပြာရည် အနောက်၊ သကြား၊ ငရုတ်ကောင်း၊ ဆား အနည်းငယ် တို့ကို ထည့်ပါ။ ပြုတ်ထားတဲ့ ခေါက်ဆွဲထည့်ပါ။ ရေကို တစ်ဝက်ထည့်ပေးပါ။ နှမ်း၊ ကြက်သွန်ဖြူကြော်၊ တရုတ် နံနံ၊ ကြက်သွန်မြိတ် ထည့်ပေးပါ။
၄။ အနံ့အရသာပြည့်စုံရင် ကော်ရည်ထည့်မွှေပါ။ အားလုံး ပြည့်စုံရင်တော့ ပန်းကန်ပြင် သုံးဆောင်နိုင်ပါပြီ။

No comments