ခေါက်ဆွဲအစပ်ကြော်
ခေါက်ဆွဲအစပ်ကြော်
အသုံးပြုတဲ့ ခေါက်ဆွဲအမျိူးအစားပေါ်မူတည်ပြီး ဆီ နဲ့ ဝက်ပြုတ်ရည် ချင့်ချိန်ထည့်ပေးရပါမယ်ရှင်။ အရသာ နဲ့ အနံ့ အတွက် mushroom soy sauce၊ ငရုတ်ပွသီး နဲ့ တရုတ်နံနံ မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်။ ပွဲပြင်သည့်အနည်းအများပေါ်မူတည်ပြီး ၆ ပွဲ နှင့် ၈ ပွဲကြား ဖြစ်ပါတယ်။
ခေါက်ဆွဲနယ်ထားရန် လိုအပ်တာလေးတွေ…
ကြက်ဥခေါက်ဆွဲ – ၂ ထုတ် (၁ ကီလို)
mushroom soy sauce – 1/4 cup (60 ml)
sweet soy sauce – 1/4 cup (60 ml)
hot chilli sauce – 1/3 cup (80 ml)
ခေါက်ဆွဲများကို အရမ်းမပြတ်အောင် ဖွပြီးနောက် sauce သုံးမျိုးဖြင့် ဖွဖွနယ်ထားပါ။
DSC08300
ခေါက်ဆွဲအစပ်ကြော်ရန် လိုအပ်တာလေးတွေ…
ဆီ – ထမင်းစားဇွန်း ၃ ဇွန်း (ကျွန်မအသုံးပြုသော ခေါက်ဆွဲက ဆီနယ်ထားပြီးသားဖြစ်ပါတယ်။ ဆီမနယ်ထားတဲ့ ခေါက်ဆွဲသုံးပါက ဆီ ပိုထည့်ပေးပါ။)
တောက်တောက်စင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
နူးရုံပြုတ်ကာ ပါးပါးလှီးထားသော ဝက်ဂုတ်သား (သို့) သုံးထပ်သား – ကီလိုဝက်ခန့်
mushroom soy sauce – 1/4 cup (60 ml)
thin soy sauce (ပဲငံပြာရည် အကျဲ) – ထမင်းစားဇွန်း ၂ ဇွန်း
ဂေါ်ဖီထုပ် – 2 cups (500 ml)ခန့်
button mushroom (မှို) – 2 cups (500 ml)ခန့်
မုန်လာဥနီ – 1/2 cup (125 ml)ခန့်
capsicum (ငရုတ်ပွသီး) – 1/2 cup (125 ml)ခန့်
celery (တရုတ်နံနံ အရိုး) – 1/4 cup (60 ml)ခန့်
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာနယ်ထားသော ခေါက်ဆွဲ
ဝက်သားပြုတ်ရည် – 1 1/2 cups (375 ml)ခန့်
ဆီ ပူလျှင် ကြက်သွန်ဖြူထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။
ဝက်သား၊ mushroom soy sauce နှင့် thin soy sauce ထည့်ကာ အရည်အတော်လေး ခမ်းအောင် မွှေကြော်ပေးပါ။
အရွက်များ နှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး ၈၀% ခန့်ကျက်အောင် ကြော်ပြီး ဒယ်အိုးမှ ဖယ်ထုတ်ထားပါ။ (အရမ်းကျက်အောင်ကြော်ပါက ခေါက်ဆွဲဖြင့်ရောသောအခါ ခေါက်ဆွဲအပူရှိန်ကြောင့် ပိုနွမ်းသွားပြီး စားမကောင်းဖြစ်တတ်ပါတယ်။)
DSC08304
ထိုဒယ်အိုးထဲ အရသာနယ်ထားသော ခေါက်ဆွဲ နှင့် ဝက်ပြုတ်ရည်ထည့်ပြီး ခေါက်ဆွဲပျော့ရုံ (ပျော့ပြဲမသွားအောင်) ခပ်ဖွဖွမွှေကြော်ပါ။ ခေါက်ဆွဲအမျိုးအစားပေါ်မူတည်ပြီး ဝက်ပြုတ်ရည် ချင့်ချိန်ထည့်ပေးပါ။
DSC08305
ခေါက်ဆွဲပျော့လျှင် ဖယ်ထားသော အသား၊ အရွက်များထည့်ကာ နှံ့သွားအောင် ဖွဖွမွှေရောပြီးနောက် ခေါက်ဆွဲအစပ်ကြော်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Post a Comment