Header Ads

ကြက်ဥဂျုံခေါက်ဆွဲစွန်ထန်နဲ့ချက်


မနက်စာချက်စားမလား?
ညနေစာချက်စားမလား?
ပေါ့ပေါ့ပါးပါးချက်လိုက်ယုံပါပဲ
အလုပ်လဲမရှုပ်ဘူး😄
ကြက်ဥဂျုံခေါက်ဆွဲလေးကို
မအီအောင်စွန်ထမ်ခြောက်လေးနဲ့ချက်စားကြမယ်နော်😊
1.အရင်ဆုံးဂျုံခေါက်ဆွဲလေးပြုတ်ရေပြန်ဆေးပြီးရေစစ်ထားမယ်
2.စွန်ထမ်ခြောက်ကိုခဏကြော်ပြီးပြန်ဆယ်ထားမယ်
3.ကြက်ဥကိုခလောက်ပြီး
တူနဲ့တောက်လျှောက်မွှေကြော်ပြီးပြန်ဆယ်ထားမယ်
4.ဆီနည်းနည်းမှာပဲငပိထည့်ခဏကြော်မွှေးလာတာနဲ့
ခရမ်းချဉ်အနှစ်ထည့်လိုက်မယ်
မွှေကြော်ပြီးရေထည့်ပါ
5.ရေဆူလာတာနဲ့စွန်ထန်ခြောက်ကြော်ထားတာလေးထည့်လိုက်ပါ
6.ခြောက်ကောအမှုန့်၊
ဆား
ဟင်းချိုမှုန့်(စားရင်ထည့်ပါ)
7.ဟင်းရည်အရသာမှာစွန်ထန်ခြောက်ရဲ့ချဉ်တဲ့အရသာထွက်လာပြီး
စိတ်ကြိုက်ဖြစ်ပြီဆိုရင်
ကြက်ဥမွှေကြော်ထားတာလေးထည့်လိုက်ပါ။
8.ခေါက်ဆွဲပေါ်ချက်ထားတဲ့ဟင်းရည်လောင်းထည့်ပြီး
ကြက်သွန်မိတ်နံနံမိတ်ငရုတ်ကောင်းလေးဖြူးလိုက်ရင်ရှယ်စားလို့ကောင်းပေါ့
ငရုတ်ဆီလေးနဲဆိုအလိုက်ဖက်ဆုံးပါ
အိမ်ကမိသားစုအားလုံးကြိုက်လို့
ခဏတိုင်းချက်စားဖြစ်တယ်။
အထူးသဖြင့်ဟင်းမချက်ချင်ရင်ပိုချက်ဖြစ်တယ်

No comments