Header Ads

မုန့်လိပ်ပြာ


မုန့်လိပ်ပြာ
=======
♦ဆန်ကို ရေစိမ်ပြီးကြိတ်ဆုံနဲ့ကြိတ်ပါ။
မုန့်ရည်ကိုပျစ်ပျစ်ဖျော်ပြီး
အောက်ကရေခံထားတဲ့အိုးပေါ်ကို ပိတ်ပါးစ ချည်ပါ။
ရေနွေးဆူလာတဲ့အခါ ပိတ်ပါးစပေါ်ကို
မုန့်ရည်ထည့်ပြီး ဇွန်းဖင်နဲ့
ခေါက်မုန့်လုပ်သလို အဝိုင်းဖြစ်အောင်ဖြန့်ပေးပါ။
အပေါ်ကအဖုံးအုပ်ထားပါ။
မုန့်နပ်ရင် ဒုတ်တံလေးနဲ့ထိုးပြီး လင်ပန်းပေါ်ဖြန့်ခင်းပါ။
♦ပဲလွန်းနဲ့ထန်းညက်ကို ယိုထိုးပါ။
ပဲယိုကို မုန့်အဖြူ သား အချပ်ပေါ်တင်ပါ။
မုန့်ဖြူ သားကိုပြန်ခေါက်ပြီး ဘေးကနေ ပုံပါအတိုင်းဖြစ်အောင် အလိပ်ကလေးတွေလိပ်ပါ။
♦အလိပ်မလုပ်တတ်ရင်လည်း လေးထောင့်ပုံ လုံအောင်ခေါက်ပါ။
အုန်းသီးခြစ်ထားတာလေး ဖြူ းပြီးစားနိုင်ပါတယ်။

No comments