မုန့်လင်မယား
မုန့်လင်မယား
=========
-ဆန်ကြမ်းကို ရေဆေးပြီး ရေတစ်ညစိမ်ထားပါ။
မနက်လင်းရင် မုန့်ကြိတ်ဆုံမှာ ကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။
-မုန့်သားကို ဆား၊စားဆော်ဒါနည်းနည်းထည့်ပြီး
ရေနည်းနည်းချင်းစီထည့်ပြီး မုန့်ရည်ဖေါက်ပါ။
-မုန့်လင်မယားလုပ်တဲ့သံဒယ်အိုးက ခွက်ပုံလေးတွေပါပါတယ်။
မီးဖိုပေါ်ကို သံဒယ်အိုးတင်ပြီးခွက်တွေထဲကိုဆီသုတ်ပါ။
မုန့်နှစ်ရည်ကို တစ်ခွက်ချင်းထည့်ပါ။
-လှီးထားတဲ့ နံနံပင်၊ကြက်သွန်မြိတ်ဖြူ းပါ။
စားတော်ပဲပြုတ်၊ငုံးဥတို့နဲ့လုပ်လည်းရပါတယ်။
ပြီးရင် အဖုံး ခနအုပ်ထားပါ။
-ခနနေလို့ မုန့်တွေကျွတ်လာရင်နှမ်းထောင်းဖြူ းပြီးဆယ်ထားပါ။
-မုန့်ကို နှစ်ချပ်မျက်နှာချင်းဆိုင်ထပ်ပြီးစားရတဲ့အတွက်
မုန့်လင်မယားလို့ခေါ်ကြတယ် ထင်ပါတယ်။

Post a Comment