Header Ads

α€šာခိα€…ိုးα€˜ (ဂျပန်ခေါα€€်ဆွဲα€€ြော်)



α€šာခိα€…ိုးα€˜ (ဂျပန်ခေါα€€်ဆွဲα€€ြော်)

α„α€šောα€€်α€…ာထတွα€€်α€œိုထပ်α€žောပစ္α€…α€Š်းα€™ျား

. α€šာခိα€…ိုးα€˜α€ေါα€€်ဆွဲ ၄ထုပ်
၆ဝဝ ဂရမ်
(α€™α€›ှိရင် ပြုတ်ထားတဲ့ ခေါα€€်ဆွဲခြောα€€်
αˆα€ ဂရမ် ၃ ထုပ် α€žို့α€™α€Ÿုတ် ပျော့ထောင် ပြုတ်ထားတဲ့ စပါဂတီခေါα€€်ဆွဲ ၂၅ဝ ဂရမ်)
. ခေါင်းα€–ြုတ်ထားတဲ့ ထခွံα€”ဲ့ပုα€…ွα€”် αˆα€€ောင်
၁၂ဝ ဂရမ်
. ခုံးα€€ောင် ၂ α€€ောင်
. α€€ြα€€်α€žွα€”်α€™ြိတ် ၃ဝ ဂရမ်
. ဂေါ်α€–ီထုပ် ၁၅ဝ ဂရမ်
. ပဲပင်ပေါα€€် ၁၅ဝ ဂရမ်
. α€€ြော်α€›α€”်ဆီ α€žα€„့်α€›ုံ
ပစ္α€…α€Š်းα€™ျားα€€ိုထတိထကျချိα€”်α€‘α€Š့်ပါ။

(ဆားα€‘α€›α€žာα€”ဲ့α€€ြော်α€›α€”်)
. ဆား α€‘α€”α€Š်းα€„α€š်
. ငရုပ်α€€ောင်း α€‘α€”α€Š်းα€„α€š်

(ဆော့α€…်α€‘α€›α€žာα€”ဲ့α€€ြော်α€›α€”်)
. ဂျပန်စတိုင်ဝေါ်စတာဆော့α€…်
α€…ားပွဲဇွα€”်း ၄ ဇွα€”်းα€™ှ ၆ဇွα€”်းခန့်

α€€ြိုတင်ပြင်ဆင်α€›α€”်
(ဆားα€‘α€›α€žာα€”ဲ့α€€ြော်α€›α€”်)ပဲပင်ပေါα€€်α€€ိုα€›ေဆေးပါ။ ဂေါ်α€–ီα€€ို ၃ စင်တီα€™ီတာထရွα€š် α€œေးထောင့်ပုံα€œှီးပါ။ ပုα€…ွα€”်α€€ိုα€›ေဆေးပြီးထခွံခွာပါ။ α€žွားα€€ြားထိုးတံα€”ဲ့ α€€ျောα€˜α€€်α€™ှာα€›ှိတဲ့မစင်α€€ြောင်းတွေα€€ိုα€–α€š်ပါ။ဓါးပြားα€”ဲ့ပုα€…ွα€”်α€›ဲ့ဝမ်းα€—ိုα€€်α€€ိုα€–ိချေα€œိုα€€်ပြီး ၁ စင်တီα€™ီတာထရွα€š်α€œှီးပါ။ ခုံးα€€ောင်တွေα€€ိုα€œα€Š်း ၁ စင်တီα€™ီတာထရွα€š်α€œှီးပါ။
ပေါင်းထိုးα€”ဲ့ α€šာခိα€…ိုးα€˜α€ေါα€€်ဆွဲα€€ို ၃ α€™ိα€”α€…်ပြုတ်ပါ။
α€’α€š်ထိုးထဲα€€ို α€Ÿα€„်းα€›ွα€€်ဆီ α€…ားပွဲဇွα€”်းတစ်ဝက်α€œောα€€် α€‘α€Š့်ပြီး ထပူပေးပါ။ ပုα€…ွα€”်α€”ဲ့ခုံးα€€ောင်တွေα€€ို α€‘α€Š့်α€œိုα€€်ပြီး α€™ီးထနေတော်α€”ဲ့α€€ြော်ပါ။ ပုα€…ွα€”်ထရောင်ပြောင်းα€œာရင်α€†α€š်α€šူα€œိုα€€်ပါ။ α€’α€š်ထိုးထဲα€€ိုα€Ÿα€„်းα€›ွα€€်ဆီα€…ားပွဲဇွα€”်း၁ဇွα€”်းα€‘α€Š့်၊ α€™ီးထနေတော်α€”ဲ့ α€€ြα€€်α€žွα€”်α€™ြိတ်၊ ဂေါ်α€–ီ၊ ပဲပင်ပေါα€€်တွေα€€ိုα€‘α€Š့်α€€ြော်ပါ။ α€Ÿα€„်းα€žီးα€Ÿα€„်းα€›ွα€€်တွေα€”ွα€™်းα€œာပြီး ဂေါ်α€–ီကထရောင်α€€ြα€Š်α€œာပြီဆိုရင် α€™ီးပိတ်α€œိုα€€်ပါ။ ခေါα€€်ဆွဲα€€ိုα€‘α€Š့်၊α€™ီးပြα€”်α€–ွင့်ပြီး ခေါα€€်ဆွဲတွေα€œုံးထွေးα€™α€”ေထောင်α€™ွှေရင်းα€€ြော်ပါ။
ဆားα€”α€Š်းα€”α€Š်းα€–ြူးပြီး ငရုပ်α€€ောင်းα€™ျားα€™ျားα€œေးα€–ြူးပါ။ ပုα€…ွα€”်α€”ဲ့ခုံးα€€ောင်α€€ိုပြα€”်α€‘α€Š့်α€œိုα€€်ပြီး α€”α€Š်းα€”α€Š်းထပ်α€€ြော်ပါ။
(ဆော့α€…်α€‘α€›α€žာ)ဆား၊ ငရုပ်α€€ောင်းထစား ဂျပန်စတိုင်ဝေါ်စတာဆော့α€…်α€”ဲ့α€‘α€›α€žာစပ်ပါ။

No comments