ပုစွန် Udon ခေါက်ဆွဲကြော်
ပုစွန် Udon ခေါက်ဆွဲကြော်
ဒီခေါက်ဆွဲလေးက များသောအားဖြင့် လန်ဒန်ကကိုရီးယားဆိုင်၊ ဂျပန်ဆိုင်တွေမှာအသုံးများတာ တွေ့ရတတ်ပါတယ်။ နန်းကြီးတို့ နန်းလတ်တို့နဲ့တူပါတယ်။ နည်းနည်းလေးတော့ အစပ်အရသာလေးကို ထည့်ပေးထားပါတယ်။ ကြည့်ရအောင် …. ။
► ပါဝင်ပစ္စည်းများ(၂ပွဲစာ)















► ပြုလုပ်နည်း
၁။ ကြက်သွန်နီ၊ ငရုတ်နီတောင့်၊ Chestnut မှိုကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ မုန်လာဥနီ၊ ချင်းကို အချောင်းလေးများလှီးထားပါ။ ငရုတ်ပွကို ပါးပါးလှီးထားပါ။
၂။ Fresh Noodle ဖြစ်လို့ ရေနွေးဖျောစရာမလိုပါ။
၃။ ဒယ်အိုးပေါ်တွင် ဆီ ၁ ဇွန်းခန့်ထည့်ကာ ချင်းချောင်းအနည်းငယ်ကို ပုစွန်နဲ့ရောလှိမ့်ကာ ဖယ်ထားပါ။
၄။ ပြီးမှ ကြက်သွန်နီ၊ ဖြူကို ချင်းထည့်ပြီး ဆီပါးပါးနဲ့ကြော်ပါ။ အနံ့မွှေးလာပြီး ကြက်သွန်ကျက်ပြီဆိုရင် ကြက်သွန်မြိတ်၊ ပဲပင်ပေါက်မှလွဲ၍ ကျန်သောအသီးအနှံများ ထည့်ကြော်ပါ။
၅။ ၅ မိနစ်ခန့်ကြော်ပြီးရင် ခေါက်ဆွဲထည့်လုံးပါ။ ခေါက်ဆွဲနူးဖို့လိုရင် ရေအနည်းငယ်တောက်ပြီး ကြော်ပါ။ ကြက်သားမှုန့် ၂ ဇွန်း၊ ဆားနည်းနည်း၊ ပဲငံပြာရည်တို့ထည့်ပါ။ ပြီးမှ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ကြော်ပြီးသား ပုစွန်လေးများ ထည့်ပါ။ ခရုဆီတစ်ဇွန်း နောက်ဆုံးမှထည့် မွှေကြော်ပြီးရင် ခေါက်ဆွဲကြော်မွှေးမွှေး အရသာရှိရှိလေးရပါပြီ။
Post a Comment