ဒန်ပေါက် ။
တကယ်ကို ချက်တတ်ချင်တဲ့ ဒန်ပေါက် ချက်တတ်သွားလို့ ပျော်ပါတယ်။ fb ချက်နည်းအစုံစုံ မှ ဆရာအားလုံးကိုကျေးဇူးတင်ပါတယ် ။ တခု ရှိတာက ကိုယ့်အိမ် စားမဲ့သူတွေက မတည့် သူရှိတော့ ရောဂါသည်တွေ စားနိူင်အောင် တချို့ ပါဝင်ပစ္စည်း တွေလျှော့ ထားတယ် ။
ဒန်ပေါက်ချက်ရန် ဘာစမာတီဆန် ၃ လုံး ။
ထောပတ်ထမင်းစားဇွန်းသုံးဇွန်း ။
ဆီ ထမင်းစားဇွန်း ၅ဇွန်း ။
ကြက်သွန်ကြော် ၂၀ သား ။
နိူ့စိမ်း တဗူးရဲ့ ၃ ပုံ ၂ ပုံ ။သကြား ၃ ဇွန်း ။
ကြက်ပေါင် ၇ တုံး ။ ကြက်သွန်ဖြူ နှစ်လုံး ။ဒိန်ချဉ် အကြမ်းပန်းကန် တလုံး ။ ဆားအနည်းငယ် အရသာ အတွက် ဒရှီ ငါးမှုန့် ကော်ဖီ ၄ ဇွန် း ။ မဆလာ ချက်ရန် နှင့် ထမင်းချက်တဲ့အထဲထည့်ရန် ဖာလာစေ့ ၆ စေ့ ။လေးညှင်းနှစ်ပွင့် ၄ ပွင့်။ ။ကရဝေးရွက် ၄ရွက် ။ သစ်ဂျပိုး ခေါက် ၄ ခု ။ ဇီရာစေ့ နံနံစေ့ အနည်းငယ်စီ ။ readymade ပဲစိမ်း ဗူးတဝက် ။ အစာဆိုးဆေး အဝါရောင် ၃ စက် ။
ကြက်သားများကို သန့်စင် ပြီး ဆား အနည်းငယ် ငါးမှုန့်ငြုတ်ကောင်းမှုန့်ငြုတ်စိမ်းမှုန့် နှစ်ဇွန်းတို့နဲ့သမ အောင် နယ်ထားပါ။ ဒိန်ချဉ်ထည့် နယ်ပြီး ရေခဲသေတ္တ ာ မခဲ တဲ့ အကန့်မှာ တညသိပ်ထားပါ။
မဆလာကြိတ်ရန်။
မဆလာကြိတ်ရန် ဒဟ်အိုးကို မီးဖိုပေါ်တင်၍ ပူလာလျှင် ဖာလာစေ့ ထည့် လေးညှင်းပွင့် ထည့် သစ်ဂျပိုးခေါက်ထည့် ကရဝေးရွက်ထည့်ပြီး လှော်ပေးပါ။ တမိနစ်လောက်နေပြီး နံနံစေ့ နဲ့ ဇီရာ ထမင်းစားဇွန်း တဇွန်းစီထည့်လှော်ပါ။ အနံ့မွှေးလာပြီး ကြွတ်လာလျှင် ဖိုပေါ်မှ ချပြီး ကရဝေး သစ်ဂျပိုး ခေါက်တို့ကိုဖယ် ပြီး ကျန်တာကိုညက်အောင် ထောင်းပါ။
ကြက်သားချက်ရန် ။
ကြက်သားပေါင်တုံးတွေကကြီးလို့ ဒန်ပေါက်ချက်မဲ့ အထဲ တခါထဲ အစိမ်း မနှပ် ပဲ ကြက်သားက်ို မီးအေးအေး နဲ့ အရင် လုံး ထားပါမယ်။ ဒယ်အိုး ထဲမှာ ဆီ ထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး ကြက်သွန်ဖြူ နွှာပြီးထောင်းထားတာကို အရင်ထည့်ပါ။ ကြွတ်လာလျှင် လှော်ထားတဲ့ ကရဝေး ရွက်နဲ့ သစ်ဂျပိုး ခေါက်ကိုထည့်ပါ။ ပြီးရင်ကြက်သားထည့်သကြား တဇွန်းခွဲ ဆားနဲနဲ ငါးမှုန့် ကော်ဖီတဇွန်း မဆလာ နှစ်ဇွန်းထည့်ပြီး မီးအေးအေးမှာ အပေါ်အောက် အတုံးအညီကျက်အောင် လှန်ပေးပါ။ ဒိန်ချဉ် ကထွက်တဲ့အရည်နဲ့ပဲ ရေခမ်းပြီး ကျက်အောင် လုံးချက်ပါမယ်။ရေ ထပ်မထည့်ပဲ ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းစာလောက်ကို အပေါ်ကအုပ်ပြီးသမအောင်မွှေပေးပါ။
ထမင်းချက်ရန် ။
ထမင်းချက်ရန် အတွက် ဆန်ကိုဆေးပြီး နာရီဝက်လောက်ရေစိမ် ထားပါ။ ဆန်ကို အကြမ်းထည် ချက်ရန် ဒယ်အိုးတခုထဲ ရေ များများထည့် ပြီးဆူအောင်တည်ပါ။ ဆူလာလျှင် လေးညှင်း နှစ်ပွင့် ဖာလာစေ့ ၃ စေ့ သစ်ဂျပိုး ခေါက် နှစ်ခု ကရဝေးရွက်နှစ်ရွက် ထည့်ပြီးပြုတ်ပါ ။ဆား အနည်းငယ် ဆီထမင်းစား ဇွန်းနှစ်ဇွန်း ထည့်ပါ ။အနံမွှေးလျှင်ဆန် တွေကို မနပ်တနပ် အကြော ရသည်အထိထည့် တည်ပြီး ဆန်တွေကို စကာ နဲ့စစ် ချပါ။ ထမင်း မနပ်တနပ်အနေအထားပါ။
ထောပတ် ထမင်းစားဇွန်း ၃ ဇွန်း စာကို ပျော်အောင်ကြိုထားပါ။
ဒန်ပေါက်ကို ပေါင်းအိုးနဲ့ ချက်မယ် ။
ပေါင်းအိုး အောက်ခြေ မှာ ငှက်ပျောရွက်ရှိရင် ခံပြီးချက်တာပိုကောင်းပါတယ် ။ မရှိလို့ မထည့်လိုက်ရတော့ အောက်ခြေ နဲနဲကပ်သွားတယ် ။ အပေါ် က ထမင်းတွေ မနပ် မှာလည်းစိုး လို့ ထမင်းပေါင်းအိုးခလုပ်ကို မြန်မြန်မတက် အောင် ဥာဏ်သုံး လိုက်တယ် ။ ပေါင်းအိုး အောက်ခြေမှာ ထမင်း တထပ် ဖြန့်ခင်း အပေါ်က ကြက်သားတုံးတွေခင်း ။ပြီးမှ ပန်းကန်လုံး တခုထဲမယ် နို့စိမ်း အစာ ဆိုးဆေး ထောပတ် နဲ့ကျန်တဲ့သကြား ငါးမှုန့် တွေကို သမအောက်ခလောက်ထားပြီး တထပ် ခင်း လျှင် အရောရည် လေးဇွန်း ငါးဇွန်း ဆမ်း ပြီး ကြက်သွန်ကြော်များများလေးဖြူး အပေါ်က ပူတီနံ နံနံပင် အသင့်အတင့်ဖြူး ။ နောက်တထပ် ထမင်းဖြန့်ခင်းပြီး ပထမအတိုင်းလုပ် ။ ပဲစ်ိမ်းတွေထည့် မဆလာ နဲနဲဖြူး ။ နောက်ဆုံးအဆင့်လည်း ပထမဆုံး အတိုင်းပဲ ဖြူး ပဲစိမ်း ဖြူး မဆလာဖြူးပြီးရင် ပေါင်းအိုးနဲ့ ခလုပ်မတက်အောင်လုပ် ဘေးကနေ အငွေ့ မထွက်ပဲ လုံနေအောင် လုပ်ပြီး မိနစ် နှစ်ဆယ်လောက်ပေါင်းပြီးရင် ဒန်ပေါက် မွှေးမွှေးရပါပြီ။ ဒန်ပေါက် ချက်ရင် အနံ့မွှေးလို့ လူသိတယ်နော် ။
Post a Comment