ℤ𝕦𝕦𝕟𝕊𝕚𝕒𝕞 𝔻𝕒𝕚𝕝𝕪

𝐏𝐫𝐨𝐯𝐞𝐫𝐛𝐬 𝟐𝟒:𝟓

Header Ads

  • Home
    • Technology
    • _Computer
    • __Hardware
    • __Software
    • _Mobile
    • __Software
    • __Hardware
    • Knowledge
    • Beauty&Health
    • Religious
    • Family
    • _Children
    • Education
    • _Dictionary
    • __English to Zomi
    • __Malay to Zomi
    • __Chinese to Zomi
    • _Myanmar Education
    • __Basic Education Primary
    • __Basic Education Secondary
    • __Basic Education High School
    • __Law / Policy
    • __Corruption
    • __Read
    • _Scholarship
    • Biography
    • Foods
    • _Curry Recipe
    • _Salad Recipe
    • _Fry Recipe
    • _Noodles Recipe
    • _Soup Recipe
    Home / Unlabelled / မိုးကုတ်ဒံပေါက်

    မိုးကုတ်ဒံပေါက်

    Zuun Siam Media May 20, 2023


    မိုးကုတ်ဒံပေါက်
    °°°°°°°°°°°°°°

    အစိမ်းဖောက်၊ အကျက်ဖောက်ဆိုတာကတော့ကြက်သားပာင်းအပေါ်မူတည်ပြီးကွဲပြားသွားတာပါ။
    ကြက်သားအစိမ်းကိုထမင်းထဲအုံပြီးဖောက်ခြင်းမျိုးကိုအစိမ်းဖောက်လို့ခေါ်ပါတယ်။ကြက်သားပာင်းသီးသန့်ချက်တာမျိုးကိုတော့အကျက်
    ဖောက်လို့ခေါ်ဆိုကြပါတယ်။

    ကြက်သားဒံပေါက်(အစိမ်းဖောက်)
    လူ (၁၅) ယောက်စာ

    ကြက်သားပာင်းအတွက်ပါ၀င်ပစ္စည်းများ

    မြန်မာကြက်ပေါင်(သို့)ရင်ပုံသားရောရာ ........(၁၆) ခု
    ကြက်သွန်နီ .....................၅၀ သား
    ချင်း+ ကြက်သွန်ဖြူ.............(၁၅) ကျပ်သား
    ဒံပေါက်မဆလာ .................အနည်းငယ်
    နနွင်း+အရောင်တင်မှုန်. ...... အနည်းငယ်
    ဒိန်ချဉ်...............................၃ဇွန်း

    ဒံပေါက်အတွက်ကြက်သားကို တစ်ပွဲစာ တစ်ခုဖြစ်စေရန် ၅၀ ကျပ်သားထက်မပိုသောကြက်သားကိုဝယ်ယူပြီးပေါင်၂ခု ရင်ပုံ ၂ခုရအောင်ခြမ်းပါ။

    ကြက်သားအတွက်ကြက်သွန်နီအကြွပ်ကြော်ပြီးချေပါ။

    ၀ယ်ယူလာတဲ့ကြက်သားတွေကိုသန့်စင်ပြီးရင် ဇကာတစ်ခုမှာထည့်၊အပေါ်ကအလေး
    ချိန်ရှိတဲ့ပစ္စည်းတစ်ခုခုနဲ့ဖိပြီးရေစစ်ထားပေးရပါမယ်။

    ရေကုန်စင်အောင်စစ်ပြီးတာနဲ့ချင်း+ကြက်သွန်ဖြူထောင်းအရော၊ ဆား ၊ ဒိန်ချဉ်၊ ပာင်းခတ်မှုန့်၊ နနွင်း၊ အရောင်တင်မှုန့်၊မဆလာတို့နှင့်ရောနယ်ပြီးအနည်းဆုံးနာရီ၀က်လောက်နှပ်ထားပေးပါ။

    ဒံပေါက်ထမင်းတွက်ပါ၀င်ပစ္စည်းများ
    °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

    တောင်ကြီးဆန်ကောင်းကောင်း(သို့) ဘာမစတီဆန်လုံးရှည်...........၁ ပြည်
    ကြက်သွန်နီ.................၇၀ ကျပ်သား
    ဒန်ပေါက်မဆလာ...........၅ ဇွန်း
    (စပ်ပြီးသားမရှိက..နံနံစေ့၊ ဇီယာစေ့၊ လေညှင်း ၊ ဖာလာ၊ နာနတ်ပွင့်များကိုလှော်ပြီးရောထောင်းနိူင် )
    နိူ့စိမ်း....................... ၂ဗူး
    သကြား....................၁၅ ကျပ်သား
    ဆား.........................သင့်ရုံ
    ပဲစိမ်း.........................၂ဗူး
    သီပိာုဠ်စေ့ + စပျစ်ခြောက်.....(၃၀) သား
    ကရဝေးရွက်.............၅ရွက်
    သစ်ကြပိုးခေါက်.........၃ခု
    လေးညှင်း+ဖာလာစေ့....အနည်းငယ်စီ
    စားသုံးသောအရောင် (လိမ္မော်) အနည်းငယ်
    ထောပတ်( သို့) ဂီး......၂၀ကျပ်သား

    ➡ဇွန်း=ထမင်းစားဇွန်း

    ပထမဆုံးကြက်သွန်နီကိုအကြွပ်ကြော်ပြီးချေထားပါ။

    စပျစ်စေ့ ၊ သီဟိုဠ်စေ့ တို့ကိုလဲကြော်ပြီးဆီစစ်ထားပါ။

    ပဲစိမ်းလုံးလတ်လတ်ဆတ်ဆတ်ဆိုရင်တော့ပြုတ်ပြီးရေစစ်ထားပါ။အသင့်သုံးဗူးဆိုရင်တော့ပြုတ်စရာမလိုပဲရေစစ်ထားရုံပါ။

    ဆန်ကိုရေဆေးပြီးဇကာတစ်ခုနှင့်စစ်ထားပါ။

    ပထမဆုံးမီးပြင်းပြင်းမှာဒန်အိုးကြီးကြီးတစ်လုံးဖြင့်ရေနွေးတည်ပါ။

    သစ်ကြပိုးခေါက်၊ဖာလာ+လေးညှင်းနှင့်ကရဝေးရွက်တို့ကိုထည့်ပြုတ်ပါ။

    ရေနွေးဆူပြီဆိုလျှင်ဆေးထားသောဆန်တွေကိုထည့်ပြုတ်ပါ။ချက်ချင်းသစ်သားယောင်းမဖြင့်မွှေပေးပါ။

    ဆန်တစ်၀က်ကျက်လောက်အရောက်မှာဇကာဖြင့်ပြန်စစ်ယူပါ။

    ပြင်ဆင်ထားတဲ့အိုးအတွင်းကိုငှက်ပျောရွက်တွေခင်းပေးပြီးစပျစ်စေ့ကြော်ထားတဲ့ဆီအနည်းငယ်လောင်းပေးပါ။

    ရေနွေးဖျောထားတဲ့ဆန်ကို ၅ပုံ ၁ပုံခန့်ဖြန့်ခင်းပါ။

    အရသာနှပ်ထားတဲ့ကြက်သားတွေကိုစီထည့်ပါ။ချေထားတဲ့ကြက်သွန်နီကြော်တွေဖြန့်ခင်းပါ။

    နောက်ထပ်ရေနွေးဖျောထားတဲ့ဆန် ၁ပုံဖြန့်ခင်းပါ။

    ကြက်သွန်နီကြော်၊ မဆလာ ၊ သီပိာုဠ်စေ့ကြော်၊ စပျစ်ခြောက်၊ ထောပတ်၊ ပဲစိမ်း၊ ဆား၊ သကြား၊နို့ဆီတို့ကိုလည်း (၃) ပုံတစ်ပုံစီဖြန့်ထည့်ပါ။

    ထိုနည်းအတိုင်း ၃ လွှာပြုလုပ်ပါ။
    ရေနွှေးဖျောထားသောဆန်များအငွေ့မကုန်ခင်အမြန်ပြုလုပ်ဖို့လွန်စွာအရေးကြီးပါသည်။

    အဖုံးကိုလုံအောင်သေချာစွာဖုံးပြီးအပေါ်မီး(၂) ဆ ၊အောက်မီး(၅) ဆနှင့်ထမင်းများနှပ်သည်အထိနှပ်ထားပေးရပါမည်။

    မီးအပူချိန်ကိုလိုအပ်သလို အတိုးအလျှော့ပြုလုပ်ပါ။

    ထမင်းလုံး၀နှုးနှပ်သွားလျှင်သစ်သားယောင်းမနှစ် ချောင်းဖြင့်သမအောင်မွှေပေးပါ။

    ထိုသို့မွှေနေစဉ်အတွင်းလိမ္မော်ရောင်လေးများရအောင်ဇွန်းလေးနှင့်ဖြန့်ထည့်ပေးပါ။

    နှံ့အောင်မွှေထားပေးတဲ့ဒံပေါက်ထမင်းတွေကိုအခြားအိုးတစ်လုံးသို့ရွှေ့ပြောင်းထည့်ပါ။

    ကြက်သားနှပ်ထားတဲ့အောက်ဆုံးလွှာကိုရောက်ရင်ထမင်းတွေကိုဖြေးညင်းစွာဖယ်ရှားပြီး
    ကြက်ပေါင်သား၊ရင်ပုံသားတွေကိုသီးသန့်ထုတ်ယူထားပါ။

    ကျန်ထမင်းအားလုံးကိုပြန်ရောပြီးအပူရှိန်ရစေရန်မီးရှိန်အေးအေးမှာပြန်နှပ်ထားပါ။

    ဘာလချောင်ကြော်၊ အချဉ်သုပ်၊ ချဉ်ပေါင်ဟင်းရည်၊တို့စရာ(သခွား၊မုန်လာဥနီ၊ ပူဒီနံ)တို့ဖြင့်တွဲဖက်တည်ခင်းပါ

    Related Posts

    Post a Comment

    No comments

    Post a Comment

    Subscribe to: Post Comments ( Atom )

    Facebook

    https://www.facebook.com/Zuunsiam.blog/

    Popular Posts

    • ဒူးရင်းသီးသာခွေယိုင်
      ဒူးရင်းသီးသာခွေယိုင်
      ဒူးရင်းသီးသာခွေယိုင် ============== - သာခွေယိုင်လုပ်ဖို့ ကောက်ညှင်းငချိတ်ကိုသုံးပါမယ်... ကောက်ညှင်းငချိတ်ကို ရေ၃ထပ် စင်အောင်ဆေးပ...
    • မုန့်တီဖတ်သုပ်
      မုန့်တီဖတ်သုပ်
      မုန့်တီဖတ်သုပ် ဘူးသီးဟင်းခါးပါ မုန်တီဖတ် ၃၀ သား ၃၀၀ ဖိုးစျေးကဝယ်ပါတယ် ကျန်တာကအိမ်မှာဝယ်ပြီးသားတွေရှိတယ် အိမ်မှာကြက်သွန်ဖြူဆီချက်...
    • THEIH DING LEH ZUIH DING
      THEIH DING LEH ZUIH DING
      *Zuih Ding Leh Theih Ding :* # Phone charge kawm a khoih pen phone battery in thuak in hoihlo hi. # Ki gawngsak nuam in nisim a ...
    • Malaypau Sinna part5 (Malay Speaking Learning)
      Malaypau Sinna part5 (Malay Speaking Learning)
       Dotna leh dawnnate

    Subscribe Us

    https://youtube.com/@ZuunSiamChannel

    Random Posts

    Recent Posts

    Recent in Sports

    Created By SoraTemplates | Distributed By Blogger