Header Ads

α€žာα€€ူငှα€€်ပျောပေါင်း



α€žာα€€ူငှα€€်ပျောပေါင်း

α€žာα€€ူငှα€€်ပျောပေါင်းα€œုပ်α€”α€Š်းα€™ေးထားα€œို့α€›ေးပေးα€œိုα€€်α€α€š်α€”ော်။ ငှα€€်ပျောပေါင်းထနံ့α€™ွှေးα€™ွှေးα€œေးα€€ို α€žာα€€ူα€œေးα€”ဲ့α€…ားရတော့ တော်တော်α€€ိုα€‘α€›α€žာα€›ှိပါα€α€š်။ α€œုပ်α€…ားα€€ြα€Š့်ရထောင်α€”ော်။

ပါဝင်α€žောပစ္α€…α€Š်းα€™ျား
၁။ α€–ီးα€€ြα€™်းငှα€€်ပျောα€žီး - ၁၀ α€œုံး (α€–ီးα€€ြα€™်းငှα€€်ပျောα€žီးα€™α€›ှိတဲ့α€”ေα€›ာα€™ှာဆိုရင် α€žီးα€™ွှေးα€€ိုα€žုံးα€œို့α€œဲရပါα€α€š်။ )
၂။ α€žာα€€ူα€…ေ့ - ၁ ခွα€€် (α€žို့) ထမင်းα€…ားဇွα€”်း ၁၆ ဇွα€”်း
၃။ ထန်းα€œျα€€် - ၂၅ α€€ျပ်α€žား
၄။ α€”ွားα€”ို့- ၄၀၀ ml
၅။ ထုα€”်းα€”ို့- ၂၀၀ ml
၆။ ထောပတ် - ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း (α€™α€‘α€Š့်α€œဲα€›)
၇။ ဆား - α€œα€€်α€–α€€်α€›α€Š်ဇွα€”်း α€œေးပုံတပုံ
(၁ ခွα€€် = 240 ml = α€›ိုးα€›ိုးα€€ော်α€–ီခွα€€် ၁ခွα€€်)
(ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း = 1 tablespoon = 15 ml )
(α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း = 1 teaspoon = 5 ml)

ပြုα€œုပ်α€”α€Š်း
၁။ α€žာα€€ူα€€ိုα€›ေဆေးပြီးα€›ေα€…α€…်ထားပါ။
၂။ ထိုးတခုထဲတွင် ထန်းα€œျα€€် ၁၅ α€€ျပ်α€žားα€€ို α€‘α€Š့်၊ α€›ေ α€α€œီတာခွဲα€€ိုα€‘α€Š့်α€›်ျ ထန်းα€œျα€€်α€™ျားα€‘α€›α€Š်ပျော်α€žα€Š်ထထိα€α€Š်ပါ။ ထန်းα€œျα€€်α€™ျားα€‘α€›α€Š်ပျော်α€œျှင် α€›ေα€…α€…်α€–ြင့် ထမှိုα€€်α€™ျားα€€ိုα€…α€…်ပါ။
၃။ α€…α€…်ထားα€žော ထန်းα€œျα€€်α€›α€Š်α€€ိုပွα€€်ထောင်α€α€Š်ပါ။ ပွα€€်α€œာα€œျှင် α€›ေα€…α€…်ထားα€žော α€žာα€€ူα€™ျားα€€ိုα€‘α€Š့်α€›်ျ ထဆက်မပျα€€်α€™ွှေပါ။ α€žာα€€ူα€…ေ့ထစံα€™ျားပျောα€€်α€žွားα€œျှင် α€™ီးα€–ိုပေါ်α€™ှချပါ။
၄။ ထခြားထိုးတခုထဲα€€ို ငှα€€်ပျောα€žီးα€™ျားထခွံခွာα€‘α€Š့်၊ α€›ေα€€ို ငှα€€်ပျောα€žီးα€™ြုပ်ထောင်α€‘α€Š့်ပြီး ပွα€€်ထောင်α€α€Š်ပါ။ ပွα€€်α€œာα€œျှင် α€”ောα€€်ထပ် ၅ α€™ိα€”α€…်α€œောα€€်α€α€Š်ပြီး α€™ီးα€–ိုပေါ်α€™ှချပါ။ ထို့α€”ောα€€်α€‘α€›α€Š်α€™ျားα€€ိုα€žွα€”်ပစ်α€œိုα€€်ပါ။ (တချို့α€”α€Š်းတွေα€€ ငှα€€်ပျောα€žီးα€€ိုထခွံမခွာပဲα€™α€”်α€€ျα€Š်းα€›ွα€€်တို့ကင်ပွα€”်းချဉ်α€›ွα€€်တို့α€‘α€Š့်ပြီးပြုတ်ပါα€α€š်။) ပြုတ်ထားα€žော ငှα€€်ပျောα€žီးα€™ျားα€€ို ပန်းα€€α€”်တခုထဲα€‘α€Š့်ထားပါ။
၅။ ထိုးထဲα€€ို α€›ေ αα€œီတာခွဲα€‘α€Š့်၊ ထန်းα€œျα€€် ၁၀ α€žားα€‘α€Š့်ပြီး ထန်းα€œျα€€်α€™ျားα€‘α€›α€Š်ပျော်α€žα€Š်ထထိα€α€Š်ပါ။ ထန်းα€œျα€€်α€™ျားα€‘α€›α€Š်ပျော်α€œျှင် α€›ေα€…α€…်α€–ြင့် ထမှိုα€€်α€™ျားα€€ိုα€…α€…်ပါ။
၆။ α€…α€…်ထားα€žော ထန်းα€œျα€€်α€›α€Š်ထဲα€€ို ငှα€€်ပျောα€žီးα€™ျားα€‘α€Š့်ပြုတ်ပါ။ α€‘α€›α€Š်ခမ်းα€”ီးα€€ျα€™ှ α€”ွားα€”ို့α€”ှင့် ထုα€”်းα€”ို့α€€ိုα€‘α€Š့်α€›်ျ ပွα€€်α€œာထောင်α€α€Š်ပါ။ ပွα€€်α€œာα€œျှင် ထောပတ်α€€ိုα€‘α€Š့်ပြီးα€™ီးα€–ိုပေါ်α€™ှချ၊ α€€ျိုထားα€žော α€žာα€€ူα€™ျားα€€ိုα€‘α€Š့်α€™ွှေပါ။
၇။ α€‘α€œွα€”်α€…ားα€œို့α€€ောင်းတဲ့ α€žာα€€ူငှα€€်ပျောပေါင်းα€€ို α€žုံးဆောင်α€”ိုင်ပါပြီα€›ှင်။

No comments