Header Ads

သာကူကျို နွားနို့ထမင်




သာကူကျို နွားနို့ထမင်း♡
❀ ❀ ❀
သာကူကျိုနွားနို့ထမင်းကိုမန္တလေးမှာတော့နေ့လည်ခင်းအစာပြေအဖြစ်သုံးဆောင်ကြပါတယ်။လုပ်ရလွယ်ကူပြီးအာဟာရပြည့်ဝတဲ့သားရေစာတခုလည်းဖြစ်ပါတယ်။လုပ်နည်းလေးကြည့်ရအောင်နော်။
သာကူကျိုအတွက်ပါဝင်ပစ္စည်း
****************
သာကူ - ၂၅၀ ဂရမ် တစ်ထုပ်
ထန်းလျက် - ၄၀၀ ဂရမ် (၂၅ကျပ်သား )
ရေ - ၂လီတာ
ဆား - လ္ဘက်စားဇွန်းတဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ထန်းလျက်ကိုရေဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ 2.သာကူစေ့ကိုရေ၅မိနစ်ခန့်စိမ်ထားပါ။ဆူပွက်အောင်တည်ထားသောထန်းလျက်ရည်အတွင်းသို့ဆားနှင့်သာကူစေ့ချပြီးတချက်နှစ်ချက်မွေပေးပါ။ 3.ပြန်လည်ဆူပွက်လာပါကမီးပိတ်ပြီးအဖုံးအုပ်ထားပေးပါ။ 4.၁၅မိနစ်ခန့်အုပ်ထားပြီးပါကသာကူစေ့အဆန်လေးများပျောက်ကာသုံးဆောင်လို့ရပါပြီ။
❀❀အစပိုင်းအရေကျဲနေတယ်လို့ထင်ရပြီးတဖြေးဖြေးပျစ်လာကာအရေပျောက်သွားပါလိမ့်မယ်။
နွားနို့ထမင်းကျိုနည်း
***********
1.ဆန်ကိုရေဆေးပြီးဆားထည့်၍ရေများများဖြင့်ကျိုပါ။2.ဆန်စေ့များကြေကာနူးအိလာလျှင်နွားနို့ထည့်ကျိုပါ။3.နို့ထည့်ပြီးပါကအိုးကပ်တတ်၍မကြာခဏမွေပေးပါ။
4.အတော်နူးလာပါကလက်လှည့်တံဖြင့်ကျေအောင်ချေပေးပါ။စက်ဖြင့့်တချက်တချက်မွေ၍လည်းရပါတယ်။
5.ပြီးလျှင်သကြားဖြူး၍သော်လည်းကောင်းသာကူကျိုဖြင့်တွဲဖက်၍သော်လည်းကောင်းသုံးဆောင်နိုင်ပါပြီ။
❀❀ဆန်ချိန်ခွက်သုံးခွက်ကိုနွားနို့၁လီတာသုံးထားပါတယ်
❀❀ရေကိုတော့ပထမစတည်ချိန်တွင်များများထည့်တည်ပြီးဆန်မနူးမချင်းဖြေးဖြေးချင်းထပ်ထည့်၍တည်ပါ။
❀❀အချို့သာကူအမျိုးအစားမှာရေစိမ်စရာမလိုပါ။

No comments