Header Ads

ငါးခြောက်ကြော်နည်း


#ငါးခြောက်ကြော်နည်း (အညာအလှူငါးခြောက်ကြော်)


ဒီငါးခြောက်ကြော်ကတော့ ပျော့ပျော့လေးနဲ့ အရသာရှိတဲ့ ငါးခြောက်ကြော်ပါ။ အထက်မြန်မာ ပြည်နဲ့ အညာဒေသရဲ့ အလှူပွဲတွေမှာ ကျွေးမွေး ဧည့်ခံတဲ့ ဟင်းတစ်ခွက်ပါ။ ငါးခြောက်ကြော်မှာ နှစ်မျိုးရှိပါတယ်။ အခုပြောပြမယ့် ငါးခြောက်ကြော်ကတော့ ငါးခြောက် အပျော့ကြော်ပါ။

ပါဝင်ပစ္စည်းများ
ငါးကွင်းရှပ် - ၄၈၀ ဂရမ်
ကြက်သွန်နီ - ၃၅၀ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ - ၁၈၀ ဂရမ် (မညက်တညက်ထောင်းထားပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၂ ဇွန်း
ဆီ - စားပွဲဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း
၁။ ငါးခြောက်ကို အတုံးကြီးကြီးတုံးပြီး ရေဆေးပါ။
၂။ ပြီးလျှင် ၂၅ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူပြီး အအေးခံထားပါ။
၃။ ပြုတ်ထားတဲ့ ငါးခြောက်အေးသွားလျှင် အသားနွှင်ထားပါ။
၄။ ပြီးလျှင် ငါးခြောက်အသားများကို ထောင်းပါ။
၅။ ဆီအိုးတည်ပြီး ဆီပူသည်နှင့် ထောင်းထားတဲ့ ငါးခြောက်ထည့်ပြီး ကြော်ပါ။ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်ထည့်ပြီး မွှေပေးပါ။
၆။ ပြီးလျှင် ပါးပါးလှီးတဲ့ ကြက်သွန်နီ ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ကြော်ပါ။
၇။ ကြက်သွန်ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။

No comments