Header Ads

မျှစ်ဝါအရှည်လေးချက်နည်း


မျှစ်ဝါအရှည်လေးတွေကို လေးပိုင်းပိုင်းပြီး ပုစွန် စိမ်းစားငပိ ကြက်သွန်ဖြူနီ ငရုတ်သီးအရှည်ခြောက်ထောင်း ဆီပါရုံလေးခတ်ပြီး ကျက်ခါနီးမှ ပင်စိမ်းရွက် မွှေးမွှေးလေး အုပ်ပြီး ချက်ထားတယ့် မျှစ်ပုစွန်အစပ်ချက်ရယ် ...

ထိုင်းစျေးက ဝယ်လာတယ့် မုန်ညင်းစိမ်းလေးတွေကို ဂျင်းက်သြွန်ဖြူ ငရုတ်သီးစိမ်း တစ်တောင့် နှစ်တောင့်လောက် ရော ထောင်းထားတာကို ဆီသတ်ပြီး ဝက်အူချောင်း ခရုဆီလေး နှင့် ကြော်ထားတယ့် မုန်ညင်းဝက်အူချောင်း ခရုဆီကြော်လေး နှင့် ...

ငပ်ထောင်းကို ကြက်သွန်ဖြူကိုသေးသေးလေးတွေ လှီး , အနီ ပါးပါးလှီးထားတာလေးတွေနဲ့ရောပြီး သံပုရာရည် ရွှဲရွှဲ လေးရယ် ငရုတ်သီး အကျက်မှုန့် စပ်စပ်လေး နှင့် သုပ်ထားတယ့် ငပိသုပ်လေးကို ... တို့စရာ ပူစီနံ နှင့် ဂျူးမြစ် စိမ်းစိမ်းလေး အစပ်တွဲလေးကို ဟင်းတွဲလေး စပ်ပေးလိုက်ပါတယ် ....

မျှစ်ဟင်းလေးနယ် ငပိသုပ်လေး နှင့် ပူစီနံတို့ပြီး ဂျူးမြစ်လေးကိုက် ... မုန်ညင်းအချိုလေး နှင့် ပြန်ထိန်း ... ရေနွေးကြမ်းလေးသောက် နှင့် စားကောင်းချက်ကတော့ ဆိုဖွယ်ရာကို မရှိတော့တာ
crd

No comments