Header Ads

α€€ြာဇံချα€€် ချα€€်α€”α€Š်း


 α€€ြာဇံချα€€် ချα€€်α€”α€Š်း 

~α€€ြွα€€်α€”ားα€›ွα€€်α€™ှိုခြောα€€် ပန်းခြောα€€် α€€ြα€€်တောင်ပံတု α€”ဲ့ ပဲပြားα€œိပ် α€œေးα€™ျိုးα€€ို α€›ေα€…ိα€™်ထားပေးပါ။ ပန်းခြောα€€်α€€α€œွဲပြီး α€€ျα€”်α€žုံးα€™ျိုးα€€ို ၅မိα€”α€…်တစ်ခါ α€…ိα€™်ထားα€žော α€›ေα€™ျားα€žွα€”်ပြီး α€›ေα€‘α€žα€…်α€œဲ၍ ပြα€”်α€…ိα€™်ထားပေးပါ။ ဆိုးဆေးတွေပါα€”ိုင်α€œို့ပါ။ α€›ေ ၃ခါα€œောα€€်α€œဲပေးပြီးရင် ဇကာα€–ြင့်α€›ေα€…α€…်ပြီး ကတ်α€€ြေးα€–ြင့် ထနေတော်ထရွα€š်α€Šှပ်ထားပေးပါ။

~α€€ြα€€်α€žား(α€žို့)α€€ြα€€်α€›ိုး α€€ို ဆား ဆနွင်း α€‘α€›α€žာα€™ှုα€”့် α€”α€š်ထားပါ။

~α€€ြα€€်α€žွα€”်α€–ြူα€”ီထောင်းထားပေးပါ။ α€€ြα€€်α€žွα€”်α€₯α€‘α€œုံးα€œိုα€€် ထခွံခွာထားပေးပါ။

~ပဲα€€ြာဇံα€›ေα€…ိα€™်ထားပေးပါ။

~α€€ြα€€်α€žားα€€ို ဂျင်း α€žα€€ြား α€›ေ α€€ြα€€်α€žွα€”်α€₯α€‘α€œုံးα€œိုα€€် α€‘α€Š့်ပြီး တစ်α€”ာα€›ီခန့် ပြုတ်ပေးပါ။ ထပေါ်α€™ှ ဝေ့တက်α€œာα€žော ထမဲဖတ်α€™ျား ခပ်ထုပ်ပစ်ပါ။ α€€ြα€€်α€žားα€”ူးထိပြီဆို α€Ÿα€„်းထိုးချပါ။ ဆီထနီα€›α€–ို့ ပြင်ဆင်ပါ့α€™α€š်။

~ထောင်းထားα€žောα€€ြα€€်α€žွα€”်α€–ြူα€”ီ α€€ို ဆီα€žα€•်ပါ။ α€€ြα€€်α€žွα€”်α€€ြွပ်ခါα€”ီးα€™ှ ငရုတ်ထရောင်တင်α€™ှုα€”့်α€‘α€Š့်ပါ။ ထနံ့ပိုα€™ွှေးα€…ေα€–ို့ ငံပြာα€›α€Š်α€‘α€”α€Š်းα€„α€š်α€‘α€Š့်ပြီးဆီα€žα€်ပါ။ α€€ြα€€်α€žွα€”်မတူးα€–ို့α€žα€ိပြုပါ။

~ခုနကပြုတ်ထားα€žောα€€ြα€€်α€žားα€‘α€›α€Š်ထိုးထဲα€žို့ ချα€€်ထားα€žော ဆီထနီဇွα€”်းα€–ြင့်ခပ်α€‘α€Š့်ပြီး α€Ÿα€„်းထိုးဆူα€žα€Š်ထိပြα€”်α€α€Š်ပါα€™α€š်။ α€€ြα€€်ပြုတ်α€›α€Š် α€”α€Š်းα€”ေရင် α€›ေထပ်α€‘α€Š့်α€œို့ရပါα€α€š်။

~α€€ြα€€်ပြုတ်α€›α€Š်ထိုးα€œα€Š်းဆူပြီဆို α€€ြွα€€်α€”ားα€›ွα€€်α€™ှိုα€™ျားα€‘α€Š့်ပါ။ α€”ောα€€်၅မိα€”α€…်ထကြာα€™ှ ပန်းခြောα€€် ပဲα€œိပ် α€”ဲ့ α€€ြα€€်တောင်ပံတုα€™ျားα€‘α€Š့်ပါ။ ဆား α€‘α€›α€žာα€™ှုα€”့် α€”ဲ့ ငရုတ်α€€ောင်းα€™ှုα€”့်α€‘α€Š့်ပြီး ပွα€€်ပွα€€်ဆူα€žα€Š်ထထိα€α€Š်ပါ။ α€”ောα€€်ဆုံးα€™ှ ပဲα€€ြာဇံα€‘α€Š့်ပါ။ ၂မိα€”α€…်ခန့်ထကြာα€™ှာ α€Ÿα€„်းထိုးα€™ီးပိတ်α€œို့ရပါပြီ။ α€œိုထပ်α€žော α€‘α€›α€žာα€…ိတ်α€€ြိုα€€်ပြင်ဆင်ပါ။

~α€€ြာဇံချα€€်တစ်ပွဲα€…ာပြင်ဆင်ပြီး α€”ံα€”ံပင် α€€ြα€€်α€žွα€”်α€”ီ α€žံပုα€›ာα€žီး ငံပြာα€›α€Š် ငရုတ်α€žီးα€™ှုα€”့် တို့α€–ြင့် တွဲα€–α€€်α€…ားα€œို့ရပါပြီ။ ထဆင်ပြေα€€ြပါα€…ေα€”ော် 
crd

No comments