မုန့်ဟင်းခါးချက်နည်း
မုန့်ဟင်းခါးချက်ကြမယ်နော် 
အရင်ဆုံးဘဲဥကိုပြုတ်ပြီး အခွံခွာ အစိတ်စိတ်လှီးထားပါ
ငါး ငံပြာရည် ရေ စပါးလင်ထုထောင်းပြီး ပြုတ်ထားပါ
ငါးအသားရပြီဆို အသားနွင်ထားပါ
ကြက်သွန်ဖြူနီဂျင်းစပါးလင်ဆနွင်း ညက်နေအောင်
ထောင်းပြီး ဆီများများထည့်ကာ ဆီသပ်ပါ
အနည်းငယ်ကြွပ်လာပြီဆိုမှ ငရုတ်စိမ်းမှုန့် နဲ့ ငါး
ထည့်ကာ ၅ မိနစ်ခန့် မွှေပြီးဆီသပ်ထားပါ
ငရုတ်ကောင်းထောင်းထားပါ
မွှေးတံဆိပ် မုန့်ဟင်းခါးမှုန့်တစ်ထုပ်ကို
ရေအနည်းငယ်ထည့်ပြီး နှံစပ်အောင် မွှေထားပေးပါ
ငါးပြုတ်ရည် ကြက်သွန်ဥ ရေအနည်းငယ် ဘဲဥပြုပ် နဲ့
ထန်းလျက်၃လုံးထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ
ဆူပွက်ပြီဆိုမှ ဖျော်ထားတဲ့မုန့်ဟင်းခါးရည်ထည့်ပြီး
၅ မိနစ်ခန့်မွှေပေးပါ ငါးဆီသပ် ဆား ငရုတ်ကောင်း
အချိုမှုန့်/ကြက်သားမှုန့် ဌက်ပျောအူ နဲ့
စားနိုင်တဲ့ရေပမာဏ ထပ်ရောထည့်ပြီး ခပ်ကြာကြာလေးပွက်ပွက်ဆူအောင်ထားပေးပြီးရင် ရပါပြီ ။
ကျွန်မက မုန့်ဟင်းခါးဆို ပျစ်ပျစ်ကြီးချက်တာမကြိုက်လို့
ပဲထည့်မချက်ထားပေမဲ့ မွှေးမုန့်ဟင်းရည်မှုန့်နဲ့
ချက်ထားတာဖြစ်လို့ အရောင်ကမဲမဲကြီးဖြစ်မနေပါဘူး ။
ငါးငံပြာရည်/တောငံပြာရည်အကောင်းစား သုံးပြီး
ချက်ပါရှင့် ဘာလို့ဆို မုန့်ဟင်းခါးအသက်က
ငံပြာရည်ဖြစ်နေလို့ပါဘဲ ။

crd
Post a Comment