ဗလာအုန်းကျော် ထိုးမုန့်
ဗလာအုန်းကျော် ထိုးမုန့်
================
ကောက်ညှင်းဆန် တစ်ပြည်ကိုညက်နေအောင်အမှုန့်လုပ်ပြီး
ရေနွေးနည်းနည်းချင်းထည့်ပြီး နယ်သားရတဲ့အထိ
ပျော့ပျောင်းနေအောင် နယ်ပေးပါ။
သံဒယ်အိုးမှာဆီ၈၀ကျပ်သား၊ထောပတ်၂၀ကျပ်သားကို ရောချက်ပါ။
ဆီကျက်တဲ့အခါဆီ ၃ပုံ၂ပုံကိုခပ်ထားပြီး မုန့်နှစ်တွေထည့်ပါ။
သံယောင်းမကိုအသုံးပြု ပြီး ဆီပျောက်အောင်မွှေပေးပါ။
ဆီပျောက်သွားရင် တစ်ကြိမ်ကို ဆီ ၁၀ကျပ်သားလောက်ထည့်ပြီးမွှေပါ။
ဆီအားလုံးကုန်တဲ့အခါသကြား ၁ပိသာ၅၀ကျပ်သားကို
နည်းနည်းချင်းစီထည့်မွှေ၊သကြားပွင့်ပျောက်သွားရင်
နောက်ထပ်သကြားနည်းနည်းထည့်မွှေ၊
သကြားတွေအပွင့်ပျောက်ပြီး မုန့်နှစ်န သမသွားတဲ့ထိမွှေပါ။
မုန့်သားလေးတွေကြည်ပြီးတစ်သားထဲဖြစ်လာတဲ့အထိထိုးပါ။
ပြီးရင် ဆီသုတ်ထားတဲ့ ဗန်းထဲကိုလောင်းထည့်ပြီး လိုသလိုလှီးပါ။
အုန်းသီးကိုဂျစ်ထိုးပြီး နီရဲနေအောင်ကြော်ထားတဲ့
အုန်းသီးကြော်ကို အပေါ်ကဖြူ းပြီး စားပါ။
သကြားအကုန်ထည့်ပြီးချိန်မှာ အုန်းသီး၊သီဟိုဠ်စေ့၊စပျစ်သီးခြောက်တွေထည့်ထိုးလို့လည်းရပါတယ်။
အုန်းသီး ၃လုံးကို ရေနွေးနဲ့ အုန်းနို့ပျစ်ပျစ်ညှစ်ပြီး
ကောက်ညှင်းမှုန့်ကို ရေနွေးနဲ့နယ်မည့်အစား
အုန်းနို့ရည်နွေးနွေးထည့်နယ်ရင် ပိုစားလို့ကောင်းပါတယ်။

Post a Comment