β„€π•¦π•¦π•Ÿπ•Šπ•šπ•’π•ž π”»π•’π•šπ•π•ͺ

ππ«π¨π―πžπ«π›π¬ πŸπŸ’:πŸ“

Header Ads

  • Home
    • Technology
    • _Computer
    • __Hardware
    • __Software
    • _Mobile
    • __Software
    • __Hardware
    • Knowledge
    • Beauty&Health
    • Religious
    • Family
    • _Children
    • Education
    • _Dictionary
    • __English to Zomi
    • __Malay to Zomi
    • __Chinese to Zomi
    • _Myanmar Education
    • __Basic Education Primary
    • __Basic Education Secondary
    • __Basic Education High School
    • __Law / Policy
    • __Corruption
    • __Read
    • _Scholarship
    • Biography
    • Foods
    • _Curry Recipe
    • _Salad Recipe
    • _Fry Recipe
    • _Noodles Recipe
    • _Soup Recipe
    Home / Unlabelled / α€€ြα€€်α€žား α€’α€”်ပေါα€€် (αˆα€šောα€€်α€…ာ)

    α€€ြα€€်α€žား α€’α€”်ပေါα€€် (αˆα€šောα€€်α€…ာ)

    Zuun Siam Media May 20, 2023


    α€€ြα€€်α€žား α€’α€”်ပေါα€€် (αˆα€šောα€€်α€…ာ)

    α€™ြှောα€€်ပိုင်း ထိα€”္α€’ိα€šα€…α€ိုင် α€’α€”်ပေါα€€် α€œေးပါ။ α€›α€”်α€€ုα€”်α€™ှာ α€…ားα€”ေα€€ျ α€’α€”်ပေါα€€်တွေα€”ဲ့ α€‘α€›α€žာ၊ ထနံ့မတူပေα€™α€š့် ပိုα€œို့တောင် α€…ားα€€ောင်းပါα€α€š်။ α€™ြှောα€€်ပိုင်း ထိα€”္α€’ိα€šα€…α€ိုင် α€’α€”်ပေါα€€်α€€ α€‘α€›α€žာα€€ α€”α€Š်းα€”α€Š်းစပ်ပေα€™α€š့် ဆီα€œα€Š်း α€™α€™ျားတာα€™ို့ α€€ျα€”်းα€™ာα€›ေးα€”ဲ့α€œα€Š်း ပိုα€Šီα€Šွတ်ပြီ α€œုံး၀ မထီပါα€˜ူး။ α€€ြα€€်α€žားα€€ို α€’ိα€”်ချဉ်α€”ဲ့ α€”ုပ်ထားတာα€™ို့ α€‘α€žားα€€α€œα€Š်း ထရမ်းα€€ိုα€”ူးထိပါα€α€š်။ ချα€€်တာα€œα€Š်း ထင်α€žα€œို မခက်ပဲ α€œွα€š်α€œွα€š်α€”ဲ့ α€œုပ်α€…ားα€”ိုင်α€™ှာပါ။ α€€ြα€€်α€žား α€’α€”်ပေါα€€်ချα€€်α€”α€Š်းα€œေးα€€ို ခုပဲ α€€ြα€Š့်α€œိုα€€်ရထောင်…

    α€’α€”်ပေါα€€်တွင် ပါ၀င်ပစ္α€…α€Š်းα€™ျား

    α€’α€”်ပေါα€€်ဆန် (basmati rice) ♦ α€”ို့ဆီα€˜ူး α„α€œုံး (CityMart တွင် α€α€š်α€šူα€”ိုင်α€žα€Š်)
    ဇီα€šာα€…ေ့ ♦ α€…ားပွဲတင်ဇွα€”်း ၃ပုံ၁ပုံ
    α€žီα€Ÿိုα€…ေ့ ♦ α€…ားပွဲတင်ဇွα€”်း ၂ဇွα€”်းα€…ာ
    Saffron ♦ α€…ားပွဲတင်ဇွα€”်း ၃ဇွα€”်း

    α€™ှတ်ချα€€် ။ ။ Saffron α€’α€”်ပေါα€€်ချα€€်α€›ာα€™ှ ထရောင်ထတွα€€်α€‘α€Š့်α€žော ပစ္α€…α€Š်းα€–ြα€…်α€žα€Š်။ α€›α€”်α€€ုα€”်α€™ှာ α€›ှာမတွေ့တာα€™ို့ ၀တ်α€›α€Š်ချα€€်တဲ့ ထဲတွင် α€‘α€Š့်မချα€€်ထားပါ။

    α€€ြα€€်α€žားα€”ုပ်ထားα€›α€”် ပါ၀င်ပစ္α€…α€Š်းα€™ျား

    α€€ြα€€်ပေါင် ♦ α†α€ု (ထက်ပိုင်းပိုင်း ထားပါ)
    ဂျင်း ♦ α€œα€€်တဆစ် (ထောင်းထားပါ)
    α€€ြα€€်α€žွα€”်α€–ြူ ♦ α‚ခု (ထောင်းထားပါ)
    α€€ြα€€်α€žွα€”်α€”ီ ♦ αƒα€œုံး (ပါးပါးα€œှီးပါ α€€ြော်ထားပါ)
    α€’ိα€”်ချဉ် (yoghurt) ♦ αα€ွα€€်α€…ာ
    ဆီ (oil) ♦ α€…ားပွဲတင်ဇွα€”်း ၅ဇွα€”်းα€…ာ
    α€œေα€Šှင်း (cloves) ♦ α‚ခု
    α€–ာα€œာα€…ေ့ (cardamon) ♦ α„ခု
    ဇာပွင့် (Javetri) ♦ αƒα€ု
    α€€α€œာဝေα€›ွα€€် (bayleaf) ♦ α‚ခု
    α€žα€…်ဂျပိုး ♦ αα€ု
    ဇီα€šာ (cumin) ♦ α€…ားပွဲတင်ဇွα€”်း ၁ဇွα€”်း
    ဇီα€šာα€™ှုα€”့် (cumin pdr) ♦ α€…ားပွဲတင်ဇွα€”်း ၁ဇွα€”်း
    α€”ံα€”ံα€…ေ့α€™ှုα€”့် (coriander pdr) ♦ α€…ားပွဲတင်ဇွα€”်း ၁ဇွα€”်း
    ငရုတ်α€žီးα€™ှုα€”့် (chilli pdr) ♦ α€…ားပွဲတင်ဇွα€”်း ၁ဇွα€”်း
    ဆနွင်းα€™ှုα€”့် (tumeric pdr) ♦ α€…ားပွဲတင်ဇွα€”်း တ၀က်
    ငရုတ်α€€ောင်းα€œုံး (ထမဲ) ♦ α€…ားပွဲတင်ဇွα€”်းတ၀က် (α€™α€Šα€€်α€α€Šα€€် ထောင်းထားပါ) (black pepper corn)
    ငရုတ်α€žီးα€…ိα€™်း (green chilli) ♦ α†α€ု (α€…ိတ်ပေးပါ)
    ဆား (salt) ♦ α€…ားပွဲတင်ဇွα€”်း ၁ဇွα€”်းခွဲ
    α€™ာα€†α€œာ (masala) ♦ α€…ားပွဲတင်ဇွα€”်း ၁ဇွα€”်း
    ပူα€…ီα€”ံ (mint) ♦ αα€…α€Š်း (ပါးပါးα€œှီးပါ)
    α€”ံα€”ံပင် (coriander) ♦ αα€…α€Š်း (ပါးပါးα€œှီးပါ)
    α€™ှတ်ချα€€်။ ။ ထိα€”္α€’ိα€š α€Ÿα€„်းခတ်ထမွှေးထကြိုင်α€™ျားα€€ို CityMart တွင် α€α€š်α€šူα€”ိုင်ပါα€žα€Š်။

    ပြင်ဆင်α€”α€Š်း

    ၁။ ထရင်ဆုံး α€‡α€œုံတစ်ခုထဲα€žို့ ထက်ပိုင်းပိုင်းα€žော α€€ြα€€်α€žားα€™ျားα€€ို α€‘α€Š့်α€œိုα€€်ပါ။

    ၂။ ပြီα€™ှ α€€ြα€€်α€žားα€™ှထပ α€”ုပ်ထားα€›α€”် ပါ၀င်ပစ္α€…α€Š်းα€™ျား ထားα€œုံးα€€ို α€‡α€œုံထဲα€žို့ α€‘α€Š့်ပြီ α€žα€™α€‘ောင် α€›ောα€”ုα€š်ထားα€œိုα€€်ပါ။

    ၃။ α€žα€™α€‘ောင် α€€ြα€€်α€žားα€€ို α€”ုα€š်ပြီα€œျှင် ၁နာα€›ီခန့် α€›ေခဲα€žေတ္တာထဲတွင် α€”ုပ်ထားပေးပါ။

    ၄။ α€€ြα€€်α€žားα€€ို α€”ုပ်ထားစဉ်ထတွင်း basmatic ဆန်α€€ို α€”ာα€›ီ၀က်ခန့် α€›ေα€…ိα€™်ထားပေးပါ။ (α€™ှတ်ချα€€် ။။ α€›ေα€…ိα€™်ပေးထားα€™ှ α€’α€”်ပေါα€€် ထမင်းချα€€်α€›ာα€™ှ α€€ောင်းပါα€™α€Š်)

    ၅။ α€”ာα€›ီ၀က် α€›ေα€…ိα€™်ပြီα€œျှင် ဇကာα€–ြင့် ဆန်α€™ျားα€€ို α€›ေပြα€”်α€…α€…်ပေးပါ။

    ၆။ ထို့α€”ောα€€် α€’α€š်ထိုးတစ်ထိုးထဲα€žို့ α€›ေα€™ျားα€‘α€Š့်ပြီ ဆူα€œာα€œျှင် ဆီ(α€…ားပွဲတင်ဇွα€”်း ၃ဇွα€”်း)၊ ဆား(α€…ားပွဲတင်ဇွα€”်း၂ဇွα€”်း)၊ ဇီα€šာ(α€…ားပွဲတင်ဇွα€”်း ၃ပုံ၁ပုံ) α€‘α€Š့်α€™ွှေပေးပါ။

    α€›။ ပြီα€™ှ ဆန်α€™ျားα€€ို α€œောင်းα€‘α€Š့်ပြီ ဆူα€œာα€žα€Š်ထထိ α€α€Š်ထားပေးပါ။

    α€™ှတ်ချα€€် ။ ။ α€’α€”်ပေါα€€်ဆန်ချα€€်α€›ာတွင် α€€ျα€€်α€žα€Š်ထထိ α€™α€α€Š်ရပဲ၊ တ၀က်ပဲα€€ျα€€်α€žα€Š့်ထနေထားထိα€žာ α€α€Š်α€›α€™α€Š်။

    ၈။ α€’ါα€€ြောင့် ဆူα€œာα€œျှင် ၁မိα€”်ခန့် ထပ်α€α€Š်ပြီ ဆန်α€™ျား တ၀က်α€€ျα€€်α€œျှင် α€™ီးပိတ်ပြီ ဇကာα€–ြင့် ပြα€”်α€…α€…်ထားပေးပါ။

    α€’α€”်ပေါα€€် ချα€€်α€”α€Š်း

    ၁။ ခုα€€ြα€€်α€žား α€’α€”်ပေါα€€် စချα€€်ပါတော့α€™α€Š်။

    ၂။ α€’α€š်ထိုးတစ်ခုထဲα€žို့ α€”ုပ်ထားα€žော α€€ြα€€်α€žားα€™ျားα€€ို ထရင်α€‘α€Š့်ပြီ ခင်းထားα€œိုα€€်ပါ။

    ၃။ α€€ြα€€်α€žားထပေါ်α€™ှ ဆန်α€™ျားα€”ှင့် α€žီα€Ÿိုα€…ေ့α€™ျားα€€ို ခင်းα€œိုα€€်ပါ။

    ၄။ ထို့α€”ောα€€်ထပေါ်α€™ှ α€”ံα€”ံပင်(α€‘α€”α€Š်းα€„α€š်)၊ α€€ြα€€်α€žွα€”်α€”ီα€€ြော်၊ ငရုတ်α€žီး(ဆီချα€€်) (α€žို့) Saffron (α€…ားပွဲတင်ဇွα€”်း ၃ဇွα€”်း) α€–ြူးပေးပါ။

    ၅။ ပြီα€”ောα€€် ထဖုံးထုပ်α€€ာ (α€™ီးပြင်းပြင်းα€–ြင့် ၅မိα€”α€…်၊ α€™ီးα€‘α€žα€„့်တင့်α€–ြင့် ၁၅မိα€”α€…်၊ α€™ီးα€”α€Š်းα€”α€Š်းα€–ြင့် ၁၀မိα€”α€…်ခန့်) ထားα€œုံး α€…ုα€…ုပေါင်း α€”ာα€›ီ၀က်ခန့် α€α€Š်ထားပါ။

    ၆။ α€€ျα€€်ပြီဆိုα€œျှင် α€’α€”်ပေါα€€်ထမင်း α€”ှင့် α€€ြα€€်α€žားα€™ျားα€€ို α€–ြα€Š်းα€–ြα€Š်းခြင်း ဇွα€”်းα€–ြင့် α€žα€™α€‘ောင် α€›ောα€™ွှေα€œိုα€€်ပါ။

    α€›။ α€™ြှောα€€်ပိုင်း ထိα€”္α€’ိα€šα€…α€ိုင် α€€ြα€€်α€žားα€’α€”်ပေါα€€်α€€ို α€žုံးဆောင်α€”ိုင်ပါပြီ..

    Related Posts

    Post a Comment

    No comments

    Post a Comment

    Subscribe to: Post Comments ( Atom )

    Facebook

    https://www.facebook.com/Zuunsiam.blog/

    Popular Posts

    • KHANGTHAK LEH FACEBOOK
      KHANGTHAK LEH FACEBOOK
      Khangthakte (Gen Z) & Facebook   Leitung khantohna nakpi in khang a, khangkhat khit khangkhat kilaih in tuin ei Gene...
    • Z+MOVIES APPS
      Z+MOVIES APPS
      A. Z+movies App  Box->Download Mediafire->Download   pCloud->Download     B. YSeri...
    • PASAL TAMPITE BUAINA
      Pasal tampite buaina thusim Zumhuai isakloh ding pasal pawlkhat ana neusalua in lungkimzo lo mitampi omkha ding hi. Numeiten zongh aneu sang...
    • Malaypau Sinna part5 (Malay Speaking Learning)
      Malaypau Sinna part5 (Malay Speaking Learning)
       Dotna leh dawnnate

    Subscribe Us

    https://youtube.com/@ZuunSiamChannel

    Random Posts

    Recent Posts

    Recent in Sports

    Created By SoraTemplates | Distributed By Blogger