ℤ𝕦𝕦𝕟𝕊𝕚𝕒𝕞 𝔻𝕒𝕚𝕝𝕪

𝐏𝐫𝐨𝐯𝐞𝐫𝐛𝐬 𝟐𝟒:𝟓

Header Ads

  • Home
    • Technology
    • _Computer
    • __Hardware
    • __Software
    • _Mobile
    • __Software
    • __Hardware
    • Knowledge
    • Beauty&Health
    • Religious
    • Family
    • _Children
    • Education
    • _Dictionary
    • __English to Zomi
    • __Malay to Zomi
    • __Chinese to Zomi
    • _Myanmar Education
    • __Basic Education Primary
    • __Basic Education Secondary
    • __Basic Education High School
    • __Law / Policy
    • __Corruption
    • __Read
    • _Scholarship
    • Biography
    • Foods
    • _Curry Recipe
    • _Salad Recipe
    • _Fry Recipe
    • _Noodles Recipe
    • _Soup Recipe
    Home / Unlabelled / ကြက်သား ဒန်ပေါက် (၈ယောက်စာ)

    ကြက်သား ဒန်ပေါက် (၈ယောက်စာ)

    Zuun Siam Media May 20, 2023


    ကြက်သား ဒန်ပေါက် (၈ယောက်စာ)

    မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံး၀ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

    ဒန်ပေါက်တွင် ပါ၀င်ပစ္စည်းများ

    ဒန်ပေါက်ဆန် (basmati rice) ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
    ဇီယာစေ့ ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
    သီဟိုစေ့ ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
    Saffron ♦ စားပွဲတင်ဇွန်း ၃ဇွန်း

    မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။

    ကြက်သားနုပ်ထားရန် ပါ၀င်ပစ္စည်းများ

    ကြက်ပေါင် ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
    ဂျင်း ♦ လက်တဆစ် (ထောင်းထားပါ)
    ကြက်သွန်ဖြူ ♦ ၂ခု (ထောင်းထားပါ)
    ကြက်သွန်နီ ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
    ဒိန်ချဉ် (yoghurt) ♦ ၁ခွက်စာ
    ဆီ (oil) ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
    လေညှင်း (cloves) ♦ ၂ခု
    ဖာလာစေ့ (cardamon) ♦ ၄ခု
    ဇာပွင့် (Javetri) ♦ ၃ခု
    ကလာဝေရွက် (bayleaf) ♦ ၂ခု
    သစ်ဂျပိုး ♦ ၁ခု
    ဇီယာ (cumin) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ဇီယာမှုန့် (cumin pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    နံနံစေ့မှုန့် (coriander pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ငရုတ်သီးမှုန့် (chilli pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ဆနွင်းမှုန့် (tumeric pdr) ♦ စားပွဲတင်ဇွန်း တ၀က်
    ငရုတ်ကောင်းလုံး (အမဲ) ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
    ငရုတ်သီးစိမ်း (green chilli) ♦ ၆ခု (စိတ်ပေးပါ)
    ဆား (salt) ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
    မာဆလာ (masala) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ပူစီနံ (mint) ♦ ၁စည်း (ပါးပါးလှီးပါ)
    နံနံပင် (coriander) ♦ ၁စည်း (ပါးပါးလှီးပါ)
    မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။

    ပြင်ဆင်နည်း

    ၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။

    ၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။

    ၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

    ၄။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီ၀က်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

    ၅။ နာရီ၀က် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

    ၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

    ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။

    မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

    ၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

    ဒန်ပေါက် ချက်နည်း

    ၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။

    ၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

    ၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။

    ၄။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။

    ၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီ၀က်ခန့် တည်ထားပါ။

    ၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

    ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..

    Related Posts

    Post a Comment

    No comments

    Post a Comment

    Subscribe to: Post Comments ( Atom )

    Facebook

    https://www.facebook.com/Zuunsiam.blog/

    Popular Posts

    • ဒူးရင်းသီးသာခွေယိုင်
      ဒူးရင်းသီးသာခွေယိုင်
      ဒူးရင်းသီးသာခွေယိုင် ============== - သာခွေယိုင်လုပ်ဖို့ ကောက်ညှင်းငချိတ်ကိုသုံးပါမယ်... ကောက်ညှင်းငချိတ်ကို ရေ၃ထပ် စင်အောင်ဆေးပ...
    • မုန့်တီဖတ်သုပ်
      မုန့်တီဖတ်သုပ်
      မုန့်တီဖတ်သုပ် ဘူးသီးဟင်းခါးပါ မုန်တီဖတ် ၃၀ သား ၃၀၀ ဖိုးစျေးကဝယ်ပါတယ် ကျန်တာကအိမ်မှာဝယ်ပြီးသားတွေရှိတယ် အိမ်မှာကြက်သွန်ဖြူဆီချက်...
    • THEIH DING LEH ZUIH DING
      THEIH DING LEH ZUIH DING
      *Zuih Ding Leh Theih Ding :* # Phone charge kawm a khoih pen phone battery in thuak in hoihlo hi. # Ki gawngsak nuam in nisim a ...
    • Malaypau Sinna part5 (Malay Speaking Learning)
      Malaypau Sinna part5 (Malay Speaking Learning)
       Dotna leh dawnnate

    Subscribe Us

    https://youtube.com/@ZuunSiamChannel

    Random Posts

    Recent Posts

    Recent in Sports

    Created By SoraTemplates | Distributed By Blogger