Header Ads

ငါးခြောα€€်ထောင်းα€€ြော်α€”α€Š်း


ငါးခြောα€€်ထောင်းα€€ြော်α€”α€Š်း
******************
α€›ွာα€‘α€œှူတွေα€™ှာ α€€ြော်α€žα€œိုα€™ျိုးα€œေးα€€ြော်ထားတာပါ
α€€ိုα€š်ကတော့ ထိα€™်α€™ှာ ကတ်α€žα€•ိုးခြောα€€်α€œေးပဲα€›ှိတော့ထာ့α€œေးα€€ိုပဲ α€œုပ်ထားα€α€š်.ငါးခြောα€€်α€œေးα€€ိုထရင် α€›ွေα€”ွေးα€”ဲ့ ၅ α€™ိα€”α€…်ခန့်ပြုတ် ပြီးရင်ငါးခြောα€€်α€œေးα€€ို ငြုတ်ဆုံထဲα€‘α€Š့်ထောင်း ပြီးရင် ထရိုးα€œေးတွေα€”ွှင်
α€€ြα€€်α€žွα€”်α€”ီα€₯α€€ြီး ၁၀ α€œုံး α€”ဲ့ α€€ြα€€်α€žွα€”်α€–ြူα€₯α€€ြီး ၅ α€œုံးα€€ို ဓားα€”ဲ့ပါးပါးα€œေးα€œှီးထား
α€’α€š်ထိုးထဲα€€ိုဆီ ၂၀ α€žားα€œောα€€်α€‘α€Š့် ပြီးရင်α€€ြα€€်α€žွα€”်α€”ီထရင်ဆီα€žα€် α€€ြα€€်α€žွα€”်α€”ီα€œေးα€”ွα€™်းα€žွားရင် α€€ြα€€်α€žွα€”်α€–ြူα€œေးα€‘α€Š့် ပြီးရင် α€€ြα€€်α€žွα€”ိα€œေးတွေ α€›ွှေα€›ောင်α€žα€™်းα€œာပြီဆိုရင် ထောင်းထားတဲ့ငါးခြောα€€်α€œေးα€‘α€Š့် ပြီးရင် ငါးငံပြာα€›α€Š် ၂ ဇွα€”်းα€œောα€€်α€‘α€Š့် ငါးခြောα€€်α€œေးα€œα€Š်းထနံ့α€œေးα€œα€Š်းα€™ွှေးα€œာပြီဆိုရင် α€›ေα€œေးထနဲα€„α€š်α€‘α€Š့် ပြီးရင် ၅ α€™ိα€”α€…်α€œောα€€်α€™ွှေ ပြီးရင်တော့ ငါးခြောα€€်ထောင်းα€€ြော်α€œေးα€€ျα€€်ပါပြီα€”ော်.... ထဲ့α€’ါကတော့ ငါးခြောα€€်ထောင်းထပျော့α€€ြော်α€œေးပါ...
α€”ောα€€်α€™ျားα€™ှ ငါးခြောα€€်ထောင်း ထကျွတ်α€€ြော်α€œေးထပ်တင်ပေးα€™α€š်α€”ော်

No comments