Header Ads

ငါးခြောα€€်ထောင်းα€€ြော်α€”α€Š်း



ငါးခြောα€€်ထောင်းα€€ြော်α€”α€Š်း


ငါးခြောα€€်ထောင်းα€€ြော်ထတွα€€် α€œိုထပ်တာα€œေးတွေ

ထရိုးα€”α€Š်းα€žော ငါးခြောα€€် 385 g ခန့်
α€”α€”ွင်းα€™ှုα€”့် α€œα€€်α€–α€€်α€›α€Š် ဇွα€”်းတစ်ဝက်
ပါးပါးα€œှီးထားα€žော α€€ြα€€်α€žွα€”်α€”ီ 2 cups (500 ml)ခန့်
ပါးပါးα€žေးα€žေးα€œှီးထားα€žော α€€ြα€€်α€žွα€”်α€–ြူ ထမင်းα€…ားဇွα€”်း ၂ ဇွα€”်းခန့်
ငရုတ်α€žီးခြောα€€် ထကြα€™်းα€™ှုα€”့် ထမင်းα€…ားဇွα€”်း ၂ ဇွα€”်ခန့်

ဆေးထားα€žော ငါးခြောα€€်၊ α€›ေ α€”ှင့် α€”α€”ွင်းα€™ှုα€”့် α€€ို ထိုးထဲα€‘α€Š့်ပြီး ငါးခြောα€€်α€”ူးထောင် ပြုတ်ပါ။ (α€›ေခမ်းပြုတ်တာα€–ြα€…်၍ α€›ေထများα€€ြီးα€™α€‘α€Š့်ရပါ။)
α€‘α€žားα€”ူးα€œျှင် ထထေးခံပြီး ထရေခွံ α€”ှင့် ထရိုးα€™ျားα€€ိုα€–α€š်ထုတ်α€€ာ α€‘α€žားα€€ိုα€™ွထောင်ထောင်းထားပါ။

ပါးပါးα€œှီးထားα€žော α€€ြα€€်α€žွα€”်α€”ီα€™ျားα€€ို ဆီထေးထဲα€‘α€Š့်α€€ာ medium heat α€–ြင့် α€™ွှေα€€ြော်ပါ။
α€€ြα€€်α€žွα€”်ဖတ်α€™ျား ဝါα€Šိုα€›ောင်α€žα€”်းα€œာα€žα€Š်α€”ှင့် ဆီထိုးα€€ို α€™ီးα€–ိုα€™ှ ချα€€်ချင်းα€–α€š်ပြီး α€‘α€”α€Š်းα€„α€š်ဆက်α€™ွှေပေးပါ။ ပြီးα€œျှင် ဇကာခုံးထဲα€‘α€Š့်α€€ာ ဆီα€…α€…်ပြီး ထထေးခံထားပါ။
DSC04339ထထေးခံထားစဉ် α€€ြα€€်α€žွα€”်ဖတ်α€™ျားα€€ို α€‘α€”α€Š်းα€„α€š်α€–ွပြီး α€–ြα€”့်ပေးပါ။

α€’α€š်ထိုးထဲα€™ှ ဆီα€€ို medium heat α€–ြင့် ပြα€”်ထပူပေးα€€ာ၊ ပူα€œာα€œျှင် ထောင်းထားα€žော ငါးခြောα€€် α€”ှင့် α€€ြα€€်α€žွα€”်α€–ြူα€‘α€Š့်α€€ာ α€™ွှေα€€ြော်ပါ။
α€€ြα€€်α€žွα€”်α€–ြူဖတ်α€™ျားα€›ွှေဝါα€›ောင်α€žα€”်းα€€ာ ငါးခြောα€€်ဖတ်α€œေးα€™ျားα€™ွα€œာα€œျှင် low heat α€žို့α€œျှော့ပြီး ငရုတ်α€žီးခြောα€€် ထကြα€™်းα€™ှုα€”့် α€‘α€Š့်α€€ာ ၅ α€™ိα€”α€…်ခန့်ဆက်α€™ွှေα€€ြော်ပေးပါ။
ပြီးα€œျှင် ဇကာခုံးထဲα€‘α€Š့်α€€ာ ဆီα€…α€…်ပြီး ထထေးခံထားပါ။
ထားα€œုံးထေးα€žွားα€œျှင် α€€ြα€€်α€žွα€”်α€”ီα€€ြော် α€”ှင့် ငါးခြောα€€်α€€ြော်α€œေးα€™ျားထား α€›ောα€€ာ ငါးခြောα€€်ထောင်းα€€ြော်α€œေးα€€ို α€‘α€›α€žာα€›ှိα€…ွာα€žုံးဆောင်α€”ိူင်ပါပြီ။

No comments