ပဲကောက်ညှင်းထုပ်
============
ကောက်ညှင်းဆန်ကိုရေစင်စင်ဆေးပြီး ရေစိမ်ထားပါ။
ပဲလွန်းကို နူးရုံပြုတ်ထားပါ ။
ကောက်ညှင်းထုပ်ထုပ်ဖို့အတွက်ထန်းရွက်၊ပေရွက်၊ကြံရွက်၊
စလူရွက်၊ငှက်ပျောရွက်၊အင်ဖက် တို့ကိုသုံးနိုင်ပါတယ်။
ဖက်တွေကို ရေနွေးဖျောရင်ဖျော..
ဒါမှမဟုတ် မီးပြ ထားပါ ။
အစိမ်းအတိုင်းဆို ဖက်ကွဲထွက်တတ်လို့
ပျော့ပျော့ပျောင်းပျောင်းဆိုရင်ထုပ်ရတာ အဆင်ပြေပါတယ် ။
ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်တွေကို ရေစစ်ပါ။
ရေစစ်ထားတဲ့ကောက်ညှင်းဆန်တွေကို
ပဲလွန်းနဲ့ရောပြီး သမထားပါ ။
ပြီးရင် သန့်စင်ထားတဲ့ဖက်ထဲကို ထည့်ပါ။
နှစ်သက်ရာပုံစံ၊အရွယ်အစား ထုပ်နိုင်ပါတယ်။
ပြီးရင် နှီးကြို းနဲ့တင်းတင်းချီနှောင်ပါ။
ကောက်ညှင်းထုပ်တစ်ထုပ်ကို
တချို့က ထိပ်နှစ်ဖက်ဘဲ ၂ ချက် ချည်သလို
တချို့ကလည်း အလယ်မှာ ကြိုက်သလို ထပ်ချည်ကြပါတယ်။
အင်ဖက်နဲ့ထုပ်ချင်ရင်တော့ သန့်စင်ထားတဲ့အင်ဖက်ထဲကို
ကောက်ညှင်းဆန်နဲပဲလွန်း ရောနယ်ထားတာကို
ထမင်းထုပ် ထုပ်သလိုထုပ်ပြီးကြိုးနဲ့တင်းတင်းချည်ပါ။
ပြုတ်ဖို့အသင့်ဖြစ်တဲ့အခါ
အိုးတစ်လုံးထဲကိုစီထည့်ပြီး ရေမြု ပ်အောင်ထည့်ပြုတ်ပါ။
၂ရေ...၃ရေပြုတ်နိုင်ရင် ပိုကောင်းတဲ့ကောက်ညှင်းထုပ် ရပါမယ်။
အပြုတ်နာလေ-ကောက်ညှင်းထုပ်စားကောင်းလေပါဘဲ။
ကောက်ညှင်းထုပ်ကျက်တဲ့အခါ
အုန်းသီးခြစ်၊မြေပဲနှမ်း ဆားထောင်းတို့နဲ့စားနိုင်ပါတယ်။
ပဲဆီအစိမ်းဆမ်းစားရင်လည်း ကောင်းပါတယ် ။
ပဲလွန်းမထည့်ဘဲ ကောက်ညှင်းဆန်ချည်းထည့်ပြုတ်ရင်
ကောက်ညှင်းထုပ်အဖြူ ရပါတယ်။

Post a Comment