ℤ𝕦𝕦𝕟𝕊𝕚𝕒𝕞 𝔻𝕒𝕚𝕝𝕪

𝐏𝐫𝐨𝐯𝐞𝐫𝐛𝐬 𝟐𝟒:𝟓

Header Ads

  • Home
    • Technology
    • _Computer
    • __Hardware
    • __Software
    • _Mobile
    • __Software
    • __Hardware
    • Knowledge
    • Beauty&Health
    • Religious
    • Family
    • _Children
    • Education
    • _Dictionary
    • __English to Zomi
    • __Malay to Zomi
    • __Chinese to Zomi
    • _Myanmar Education
    • __Basic Education Primary
    • __Basic Education Secondary
    • __Basic Education High School
    • __Law / Policy
    • __Corruption
    • __Read
    • _Scholarship
    • Biography
    • Foods
    • _Curry Recipe
    • _Salad Recipe
    • _Fry Recipe
    • _Noodles Recipe
    • _Soup Recipe
    Home / Unlabelled / မုန့်ပေါင်း

    မုန့်ပေါင်း

    Zuun Siam Media May 21, 2023


    မုန့်ပေါင်း
    ======
    -မုန့်ပေါင်းကို မွန်ပြည်နယ်ဖက်မှာ
    `မုန့်ပန်းကန်`လို့ ခေါ်ကြမလားဘဲ ။
    -မုန့်ပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
    ပဲနဲ့လုပ်စားလို့ရသလို
    အုန်းသီးထန်းညက် ဌာပနာထည့်ပြီးလုပ်စားနိုင်ပါတယ်။
    ပဲနဲ့လုပ်ရင် ပဲလွန်းကိုပြုတ်ပြီးလုပ်ရပါတယ်။
    -အုန်းသီးထန်းညက်နဲ့လုပ်မယ်ဆိုရင်
    အုန်းသီးကိုဂျစ်ထိုးပြီး ထန်းညက်ရည် ပေါက်စေးကျထဲ
    ထည့်မွှေထားတဲ့ ဌာပနာကို သုံးပါမယ်။
    -ဆန်ကြမ်းကို ရေစင်စင်ဆေးပြီး ရေတစ်ညစိမ်ထားပါ။
    ရေစစ်ပြီး ဆန်မှုန့်ဖြစ်အောင် ထောင်းပါ။
    ရလာတဲ့ဆန်မှုန့်တွေကို သံဇလုံမှာဖြစ်စေ၊အင်တုံမှာဖြစ်စေ၊
    ဆန်မှုန့်ပေါ်ကို လက်နဲ့ ရေအနည်းငယ်ဖျန်းပါ။
    ပထမဆုံး ခပ်ပျော့ပျော့၊နောက် မပျော့မမာ၊
    နောက်ဆုံး မာမာ ၊၃မျို း၃ စားထားပြီး သိပ်ပေးပါ။
    -မုန့်လုပ်ချင်တဲ့အခါ သိပ်ထားတဲ့မုန့်သားတွေကို
    ဂုံးခွံ ယောက်သွားနဲ့ ဖြည်းဖြည်းဖွဖွခြစ်ယူပြီးလုပ်ရပါတယ်။
    -မုန့်ပေါင်းဖို့ အိုးပြင်တဲ့အခါ
    အောက်ကမြေအိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။
    မြေအိုးပေါ်မှာ အပေါက်ပါတဲ့စလောင်းဖုံးတင်ပြီး
    ရေနွေးငွေ့လုံအောင် ဘေးပတ်လည်ကို
    မုန့်ညက်သားကို ရေဆွတ်ပြီး လိုက်မံပါ။
    -အပေါက်ပါတဲ့စလောင်းဖုံးပေါ်ကနေ
    အနေတော်ဖြတ်ထားတဲ့ ရှံသားစလို အစပါးပါးခင်းပါ။
    မြေစလောင်းဖုံးသေးသေး၊ဒါမှမဟုတ်
    လက်ဖက်ရည်အကြမ်းပန်းကန်တို့ထဲကို သိပ်ထားတဲ့မုန့်ညက်ကို
    ယောက်သွားခွံနဲ့ဖွဖွလေးခြစ်ပြီး တစ်ထပ်ခင်းပါ။
    အလယ်ကနေ အုန်းသီးထန်းညက်ဌာပနာထည့်ပါ။
    အပေါ်ကနေ မုန့်သားတစ်ထပ်ဖုံးပြီး
    ရှံသားစပေါ်ကိုမှောက်ချပြီး အဖုံးဖုံးထားပါ။
    -အောက်ကရေနွေးငွေ့အပူကြောင့်ခနနေရင်မုန့်ကျက်ပါတယ်။
    မုန့်အရောင် အဖြူ ကနေ အရောင်ကြည်ကြည်ဖြစ်လာရင်
    မုန့်နပ်မှန်း သိသာပါတယ်။
    -ရှံသားစကို ဆွဲခွါပြီး မုန့်ကိုယူလိုက်ပါ။
    -ပဲနဲ့လုပ်ချင်ရင်တော့ စလောင်းဖုံးအသေး၊
    ဒါမှမဟုတ် အကြမ်းပန်းကန်ထဲကို မုန့်သားအပြည့်ထည့်ပြီး
    အပေါ်ကနေ ပြုတ်ထားတဲ့ ပဲလွန်းတွေ ဖြူ းပြီးပေါင်းပါ။
    -ပုံမှာ နှမ်းထောင်းဖြူးထားတာက ပဲမုန့်ပေါင်းဖြစ်ပြီး
    နှမ်းထောင်းဖြူ းမထားတာက အုန်းသီးနဲ့ပါ။
    -ပဲမုန့်ပေါင်းကိုနှမ်းထောင်းဖြူ း၊ဆီဆမ်းပြီးစားပါတယ်။

    Related Posts

    Post a Comment

    No comments

    Post a Comment

    Subscribe to: Post Comments ( Atom )

    Facebook

    https://www.facebook.com/Zuunsiam.blog/

    Popular Posts

    • ဒူးရင်းသီးသာခွေယိုင်
      ဒူးရင်းသီးသာခွေယိုင်
      ဒူးရင်းသီးသာခွေယိုင် ============== - သာခွေယိုင်လုပ်ဖို့ ကောက်ညှင်းငချိတ်ကိုသုံးပါမယ်... ကောက်ညှင်းငချိတ်ကို ရေ၃ထပ် စင်အောင်ဆေးပ...
    • မုန့်တီဖတ်သုပ်
      မုန့်တီဖတ်သုပ်
      မုန့်တီဖတ်သုပ် ဘူးသီးဟင်းခါးပါ မုန်တီဖတ် ၃၀ သား ၃၀၀ ဖိုးစျေးကဝယ်ပါတယ် ကျန်တာကအိမ်မှာဝယ်ပြီးသားတွေရှိတယ် အိမ်မှာကြက်သွန်ဖြူဆီချက်...
    • THEIH DING LEH ZUIH DING
      THEIH DING LEH ZUIH DING
      *Zuih Ding Leh Theih Ding :* # Phone charge kawm a khoih pen phone battery in thuak in hoihlo hi. # Ki gawngsak nuam in nisim a ...
    • Malaypau Sinna part5 (Malay Speaking Learning)
      Malaypau Sinna part5 (Malay Speaking Learning)
       Dotna leh dawnnate

    Subscribe Us

    https://youtube.com/@ZuunSiamChannel

    Random Posts

    Recent Posts

    Recent in Sports

    Created By SoraTemplates | Distributed By Blogger