Header Ads

မုန့်ကြာစေ့ ၊ မုန့်ကြာရိုး


 မုန့်ကြာစေ့ ၊ မုန့်ကြာရိုး
===============
-ကောက်ညှင်းဆန်နဲ့ဆန်ကြမ်းကို ၄း၁ စပ်ပါ။
ရေစင်စင်ဆေးပြီး တစ်ည ရေစိမ်ပါ။
-နောက်နေ့မှာ မုန့်ကြိတ်ဆုံနဲ့ကြိတ်ပြီး
မုန့်ရည်ကိုအ၀တ်အိတ်နဲ့စစ်ပါ။
-မုန့်ရေစစ်ရင် အသားကျအောင်နယ်ပါ။
မုန့်နှဲတယ် လို့ခေါ်ပါတယ်။
-ပြီးရင် မုန့်ကြာစေ့လုပ်ချင်ရင် အလုံးသေးသေးတွေလုံး၊
မုန့်ကြာရိုးလုပ်ချင်ရင် အချောင်းရှည်လုပ်ပြီးလက်တစ်ဆစ်လောက်ဖြတ်ပါ။
-အိုးတစ်လုံးထဲကိုရေထည့်ပြီး ရေပွက်ပွက်ဆူလာတဲ့အခါ
မုန့်တွေကို တစ်ခုချင်းစီထည့်ပါ။
-မုန့်ကျက်ရင် အပေါ်ကိုပေါ်လာပါမယ်။
အပေါ်ပေါ်လာတဲ့မုန့်ကို ဆယ်ပြီး စကာနဲ့စစ်ထားပါ။
-ထန်းညက် ၅၀သားကို ဆားနည်းနည်းထည့်ပြီး
မပျစ်မကျဲ ကျို ထားပါ။
ဆူလာရင် အ၀တ်ပါးနဲ့စစ်ပြီးပြန်တည်ပါ။
ဆူနေတဲ့ထန်းညက်ရည်ထဲကို
စကာထဲက စစ်ထားတဲ့မုန့်တွေထည့်ပါ။
ပြီးရင် မီးဖိုပေါ်ကချ ပါ။
-အုန်းသီးဖြူ းစားနိုင်ပါတယ်။
-မုန့်တွေကို သပ်သပ် ရေနဲ့မပြုတ်ဘဲ
ထန်းညက်ရည် ဆူဆူထဲကိုထည့်ရင် ရပါတယ်။
အုန်းနို့ညှစ်စားချင်လည်းရပါတယ်

No comments