Header Ads

ခေါက်မုန့်



ခေါက်မုန့်
======
-ခေါက်မုန့်ကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
ဆန်ကြမ်းရေဆေးပြီး မုန့်ကြိတ်နဲ့ကြိတ်ပါ။
အ၀တ်အိတ်နဲ့ မုန့်ရည်စစ်ပါ။
-ရေစစ်ရင် မုန့်နှစ်ကို ဆား၊စားဆိုဒါနည်းနည်းထည့်ပြီး
မပျစ်မကျဲ အနေတော်လေးဖျော်ပါ။
-ခေါက်မုန့်လုပ်တဲ့အိုးက
သံဒယ်ပြားအပြန့်လေးပါ။
-ခေါက်မုန့်ကို ထန်းညက်ရည်၊အုန်းသီး၊
ပဲလွန်းတို့ထည့်ပြီး အချို လုပ်စားလို့ရသလို
ဘဲဥ/ကြက်ဥ၊အုန်းသီးတို့နဲ့အဆိမ့်လုပ်စားလို့ရပါတယ်။
-မုန်လာဥနီ၊ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊နံနံပင်၊ကြက်သွန်မြိတ်၊
မဆလာတို့နဲ့ လမ်းသရဲမုန့်လုပ်စားလို့ရပါတယ်။
လမ်းသရဲမုန့်ကို ကီးမားခေါက်မုန့်လို့လည်းခေါ်ကြပါတယ်။
-ခေါက်မုန့် အချို ၊အဆိမ့်တို့လုပ်ရင်
ဒယ်ပြားကိုမီးဖိုပေါ်တင်ပြီးပူလာရင်
ပွဲလျက်(ပွဲညက်)မှုန့်လေးဖြူ းပြီးအ၀တ်နဲ့ပွတ်ပစ်ရပါတယ်။
ပြီးမှ မုန့်ရည်ကိုဇွန်းနဲ့ခပ်ထည့်ပြီး
ဇွန်းဖင်နဲ့မုန့်ကိုပြန့်အောင်ဖြန့်ရပါတယ်။
ပြီးရင် ပေါက်စေးကျအောင်ကြိုထားတဲ့ထန်းညက်ရည်ကို
မုန့်သားအဖြူပေါ်ကိုလောင်းချပြီးဇွန်းဖင်နဲ့ဖြန့်ပါ။
ဂျစ်ထိုးထားတဲ့အုန်းသီးနဲ့ပြုတ်ထားတဲ့ပဲလွန်းဖြူ းပါ ။
အဖုံးအုပ်ထားပြီးခနနေရင် သံယောက်မနဲ့ထိုးကော်ပြီး
ထက်ပိုင်းခေါက်ရင် ရပါပြီ။
-လမ်းသရဲမုန့်ကို ဒယ်ပြားသပ်သပ်နဲ့လုပ်ရပါတယ်။
သံဒယ်ပြားပူပူပေါ်ကို ဆီနည်းနည်းလောင်းထည့်ပါ။
မုန့်အဖြူ ရည်လောင်းဖြန့်ပြီး
လှီးထားတဲ့ဂေါ်ဖီ၊ဥနီ၊ငရုတ်သီးစိမ်း၊နံနံပင်၊
ကြက်သွန်မြိတ်နဲ့မဆလာဖြူ းပြီး
ဆီလေးနည်းနည်းထပ်ဖြန်းလိုက်ပါ။
စားတော်ပဲပြုတ်လေးရှိရင် ထည့်နိုင်ပါတယ်။
-ကျွတ်လာတဲ့အချိန်မှာ သံယောက်မနဲ့ထိုးကော်ပြီး
၂ခေါက်၊၃ခေါက် ခေါက်ရင် ရပါပြီ

No comments