Header Ads

ရောင်စုံသာကူမုန့်ကြာစေ့Rainbow Glutinus Rice Ball



ရောင်စုံသာကူမုန့်ကြာစေ့
Rainbow Glutinus Rice Ball
❀ ❀ ❀
မုန့်ကြာစေ့လေးကိုပုံစံသစ်အရသာသစ်ဖြင့်နှစ်လို
ဖွယ်ဖြစ်အောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။အများနဲ့မတူဆန်းပြားစွာတည်ခင်းလိုသူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၂၀၀ ဂရမ်
ဆား - အနည်းငယ်
သာကူစေ့- ၅၀ ဂရမ်
ဆေးရောင် -အနီ/အစိမ်း
သကြား - ၂၀၀ ဂရမ်
နွားနို့- တစ်လီတာ
အုန်းနို့ - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကောက်ညင်းမှုန့်ကိုဆားထည့်ပြီးရေဖြေးဖြေးဆီထည့်ကာမုန့်နှစ်လုံးလို့ရသောအနေထားထိနယ်ပြီးသုံးပုံအညီအမျှခွဲထားပါ။
2.ပြီးလျှင်တပန်းကိုအနီရောင်ထည့်ပါ။ဒုတိယပန်းကန်ကိုအစိမ်းထည့်ပြီးနှံ့အောင်နယ်ထားပါ။
3.နွားနို့နှင့်အုန်းနို့ကိုသကြားဖြင့်ရောကျိုပြီးအအေးခံထားပါ။အပျစ်အကြဲနှင့်အချိုကိုမိမိနှစ်သက်သလိုချိန်ဆထည့်ပါ။
4.အိုးတခုတွင်ရေတလီတာခန့်ထည့်ပြီးဆူပွက်အောင်တည်ပါ။ဆူပွက်ပါကသာကူကိုရေဆေးပြီးထည့်ပြုတ်ပါ။၅မိနစ်ခန့်ပြုတ်ပြီးပါကအဖုံးအုပ်မီး ပိတ်ကာဆယ်မိနစ်ခန့်ထားပါ။
5.သာကူစေ့များဝတ်ဆံပျောက်ပါကဆယ်ယူပြီးရေအေးဖြင့်ဆေးပေးကာပန်းကန်သုံးလုံးဖြင့်သုံးပုံခွဲထားပါ။
6.သာကူကိုလည်းကောက်ညင်းနည်းတူအရောင်နှစ်မျိုးထည့်ပါ။
7.အားလုံးအသင့်ဖြစ်ပါကရေနွေးအိုးတအိုးဆူပွက်အောင်တည်ထားပါ။
ရေအေးတဇလုံအသင့်ထားပါ။
8.ပြီးလျှင်မုန့်လုံးစတင်လုံးနိုင်ပါပြီ။ရောင်စုံမုန့်လုံးပြုလုပ်ရန်အတွက်မုန့်နှစ်ကိုသုံးရောင်ညီတူမျှတူယူပြီးခပ်ရှည်ရှည်ရအောင်လိမ့်ပေးပါ။
9.မုန့်နှစ်ကိုကြာစေ့အရွယ်အလုံးလေးမျာြး ပုလုပ်ပါ။
10.ရေနွေးအိုးပွက်ပါကလုံးထားပြီးသားမုန့်လုံးလေးများကိုထည့်ပြုတ်ပါ။ယောက်မဖြင့်တချက်မွေပေးပါ။
11.ပြန်လည်ဆူပွက်ပြီးမုန့်လုံးလေးများရေပေါ်ပေါ်လာပါကမုန့်လုံးကျက်ပြီးဖြစ်၍ဆယ်ယူပြီးရေဆေးဇလုံတွင်စိမ်ထားပေးပါ။
12.အေးသွားသောမုန့်လုံးကိုဆယ်ယူရေစစ်ပြီးပန်းကန်တွင်ထည့်ပါ။သာကူသုံးရောင်ကိုတဇွန်းဆီထည့်ပါ။အအေးခံထားသောနို့အချိုထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments