သာကူကျိုမုန့်ကြာစေ့♡Sago with Glutinus Rice Ball
သာကူကျိုမုန့်ကြာစေ့♡
Sago with Glutinus Rice Ball
.
သာကူကျိုမုန့်ကြာစေ့ဆိုရင်အတော်များများနှစ်သက်ကြမယ်ထင်ပါတယ်။ငယ်စဉ်ခလေးဘဝထဲကအာဟာအဖြစ်နေ့လည်ခင်းတွေမှာမိဘများလုပ်ကျွေးလေ့ရှိကြပါတယ်။ပြုလုပ်ရလွယ်ကူပြီးစရိတ်နည်းကာအာဟာရလည်းဖြစ်စေပါတယ်။အညာဒေသများမှာတော့နေ့လည်ခင်းအဆာပြေစာအဖြစ်ရောင်းလေ့ရှိသလိုနှစ်သစ်ကူးအခါတွေမှာလည်းစတုဒီတာအဖြစ်ကျွေးမွေးနိုင်သေးတာမို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၂၀၀ ဂရမ်
ဆား - အနည်းငယ်
သာကူစေ့- ၁၀၀ ဂရမ်
ထန်းလျက် - ၂၀၀ ဂရမ်
ရေ - တစ်လီတာ
အုန်းသီးနုနု/အုန်းနို့
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကောက်ညင်းမှုန့်ကိုဆားထည့်ပြီးရေဖြေးဖြေးဆီထည့်ကာမုန့်နှစ်လုံးလို့ရသောအနေထားထိနယ်ပြီးမိနစ်၃၀ခန့်နှပ်ထားပါ။(ချက်ချင်းလည်းပြုလုပ်နိုင်ပါတယ်)
2.သာကူကျိုရန်အတွက်နည်း၂နည်းအသုံးပြုနိုင်ပါတယ်။သာကူကိုပြုတ်ပြီးရေဆေးပြီးထန်းလျက်ရည်ထဲပြန်ထည့်နိုင်သလိုပျစ်ပျစ်အနေအထားကြိုက်ပါကထန်းလျက်ရည်တွင်ထည့်ပြီးတည်ပေးနိုင်ပါတယ်။
3.အိုးတခုတွင်ရေတလီတာခန့်ထည့်ပြီးဆူပွက်အောင်တည်ပါ။ဆူပွက်ပါကသာကူကိုရေဆေးပြီးထည့်ပြုတ်ပါ။၅မိနစ်ခန့်ပြုတ်ပြီးပါကအဖုံးအုပ်မီး ပိတ်ကာဆယ်မိနစ်ခန့်ထားပါ။
4.သာကူစေ့များဝတ်ဆံပျောက်ပါကဆယ်ယူပြီးရေအေးဖြင့်ဆေးပေးထားပါ။
5.ထန်းလျက်ကိုရေထည့်ပြီးတည်ပါ။အရည်ပျော်ပါကအမှိုက်စစ်ပြီးပြန်လည်ဆူပွက်အောင်တည်ပြီးရေဆေးရေစစ်ထားသောသာကူကိုထည့်ပြီးမီးဖိုမှချထားပါ။
6.ပျစ်ပျစ်အနေအထားနှစ်သက်ပါကထန်းလျက်ရည်တွင်သာကူကိုရေဆေးထည့်ပြုတ်ပါ။၅မိနစ်ပြုတ်ပြီးအဖုံးအုပ်ကာဆယ်မိနစ်ထားပေးပါကသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
❀သာကူအမျိုးအစားပေါ်မူတည်ပြီးအချိုသာကူမှာရေမဆေးဘဲထည့်ပြုတ်ရန်လိုအပ်ပါတယ်။ယိုးဒယားသာကူကိုတော့ရေဆေးပေးနိုင်ပါတယ်။
7.အားလုံးအသင့်ဖြစ်ပါကရေနွေးအိုးတအိုးဆူပွက်အောင်တည်ထားပါ။
ရေအေးတဇလုံအသင့်ထားပါ။
8.ပြီးလျှင်မုန့်လုံးစတင်လုံးနိုင်ပါပြီ။
မုန့်နှစ်ကိုကြာစေ့အရွယ်အလုံးလေးများပြုလုပ်ပါ။
9.ရေနွေးအိုးပွက်ပါကလုံးထားပြီးသားမုန့်လုံးလေးများကိုထည့်ပြုတ်ပါ။ယောက်မဖြင့်တချက်မွေပေးပါ။
10.ပြန်လည်ဆူပွက်ပြီးမုန့်လုံးလေးများရေပေါ်ပေါ်လာပါကမုန့်လုံးကျက်ပြီးဖြစ်၍ဆယ်ယူပြီးရေဆေးဇလုံတွင်စိမ်ထားပေးပါ။
11.အေးသွားသောမုန့်လုံးကိုဆယ်ယူရေစစ်ပြီးပန်းကန်တွင်ထည့်ပါ။သာကူကျိုထည့်ပြီးအုန်းသီးနုနုသို့မဟုတ်အုန်းနို့ထည့်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Post a Comment