သာကူကျို♡
Sago Pudding
.
သာကူကျိုဆိုရင်ခလေးလူငယ်မရွေးအတော်များများနှစ်သက်ကြမယ်ထင်ပါတယ်။ငယ်စဉ်ခလေးဘဝထဲကအာဟာအဖြစ်နေ့လည်ခင်းတွေမှာမိဘများလုပ်ကျွေးလေ့ရှိကြပါတယ်။ပြုလုပ်ရလွယ်ကူပြီးစရိတ်နည်းကာအာဟာရလည်းဖြစ်စေပါတယ်။အညာဒေသများမှာတော့နေ့လည်ခင်းအဆာပြေစာအဖြစ်ရောင်းလေ့ရှိသလိုနှစ်သစ်ကူးအခါတွေမှာလည်းစတုဒီတာအဖြစ်ကျွေးမွေးနိုင်သေးတာမို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အမြဲအမှတ်ရစေတဲ့သာကူကျိုကတော့မူလတန်းကျောင်းမှာတပတ်တရက်ညနေအဟာရအချိန်ကျွေးလေ့ရှိတဲ့ကန်စွန်းဥလေးတွေထည့်ထားတဲ့သာကူကျိုလေးပါ။စာသင်ချိန်မှာကျောင်းမီးဖိုဆောင်ဖက်ကနေထွက်လာတဲ့သာကူကျိုနံ့လေးကတော့ငယ်ဘဝကနေခဲ့တဲ့ဇာတိမြို့ကအမက၂ဘုံကျောင်းကိုအမှတ်ရစေတဲ့အကြောင်းအရာများစွာထဲကတခုလည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
သာကူစေ့- ၁၀၀ ဂရမ်
ထန်းလျက် - ၂၀၀ ဂရမ်
ဆား - အနည်းငယ်
ရေ - တစ်လီတာ
အုန်းသီးနုနု/ကန်စွန်းဥ (optional)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.သာကူကျိုရန်အတွက်နည်း၂နည်းအသုံးပြုနိုင်ပါတယ်။သာကူကိုပြုတ်ပြီးရေဆေးပြီးထန်းလျက်ရည်ထဲပြန်ထည့်နိုင်သလိုပျစ်ပျစ်အနေအထားကြိုက်ပါကထန်းလျက်ရည်တွင်ထည့်ပြီးတည်ပေးနိုင်ပါတယ်။
2.အိုးတခုတွင်ရေတလီတာခန့်ထည့်ပြီးဆူပွက်အောင်တည်ပါ။ဆူပွက်ပါကသာကူကိုရေဆေးပြီးထည့်ပြုတ်ပါ။၅မိနစ်ခန့်ပြုတ်ပြီးပါကအဖုံးအုပ်မီးပိတ်ကာဆယ်မိနစ်ခန့်ထားပါ။
3.သာကူစေ့များဝတ်ဆံပျောက်ပါကဆယ်ယူပြီးရေအေးဖြင့်ဆေးပေးထားပါ။
4.ထန်းလျက်ကိုရေထည့်ပြီးတည်ပါ။အရည်ပျော်ပါကအမှိုက်စစ်ပြီးပြန်လည်ဆူပွက်အောင်တည်ပြီးရေဆေးရေစစ်ထားသောသာကူကိုထည့်ပြီးမီးဖိုမှချထားပါ။
5.ပျစ်ပျစ်အနေအထားနှစ်သက်ပါကထန်းလျက်ရည်တွင်သာကူကိုရေဆေးထည့်ပြုတ်ပါ။၅မိနစ်ပြုတ်ပြီးအဖုံးအုပ်ကာဆယ်မိနစ်ထားပေးပါကသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
❀သာကူအမျိုးအစားပေါ်မူတည်ပြီးအချိုသာကူမှာရေမဆေးဘဲထည့်ပြုတ်ရန်လိုအပ်ပါတယ်။ယိုးဒယားသာကူကိုတော့ရေဆေးပေးနိုင်ပါတယ်။
6.ကန်စွန်းဥထည့်လိုပါကသီးသန့်ပြုတ်ပြီးအတုံးလေးများလှီးထည့်ပေးနိုင်သလိုထန်းလျက်ရည်ကျိုစဉ်မှာအတုံးလေးများလှီးထည့်ပြီးပြုတ်ပေးနိုင်ပါတယ်။အားလုံးအသင့်ဖြစ်ပါကသာကူ
ကျိုထည့်ပြီးအုန်းသီးနုနုသို့မဟုတ်အုန်းနို့ထည့်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀သာကူကျိုကိုမုနိ့ကြာစေ့ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်သလိုအညာဒေသများမှာတော့နွားနို့ထမင်းဖြင့်လည်းတွဲဖက်တည်ခင်းကြပါတယ်။

Post a Comment