Header Ads

ခေါα€€်ဆွဲα€€ြော် (၀က်α€žား)



ခေါα€€်ဆွဲα€€ြော် (၀က်α€žား)

α€α€€α€š်တော့α€œα€Š်း ထချို ထငံ α€‘α€›α€žာ ..α€”ဲ့ α€™ွှေးတဲ့ ထနံ့α€œေးတွေα€€ို ( တခါα€α€œေ liquid smoke ထနံ့α€œေး α€‘α€Š့်α€žုံးα€α€š်) α€€ိုα€š်α€Šα€်α€›ှိα€žα€œို α€€ွα€”့်ပီးα€‘α€Š့်α€”ိုင် α€€ြရင်α€œα€Š်း α€…ားα€€ောင်း တဲ့
ခေါα€€်ဆွဲα€€ြော်α€œေး α€–ြα€…်α€œာα€™ှာပါα€˜ဲα€”ော်..။

ပါ၀င်α€žော ပစ္α€…α€Š်းα€™ျား (၁ ပွဲα€…ာ)
1. ၀က်α€žား ၁၀၀ ဂရမ် ( ၅ကျပ်α€žားခန့်)
2. ခေါα€€်ဆွဲထစို ၁၅ α€€ျပ်α€žားခန့်
3. α€žα€€ြား α€‘α€”α€Š်းα€„α€š်
4. ပဲငံပြာα€›α€Š် ထကြα€Š် α€œိုα€žα€œောα€€်
5. ပဲငံပြာα€›α€Š် ထပျα€…် ၁ α€œα€€်α€˜α€€်α€›α€Š်ဇွα€”်း
6. ခရုဆီ ၂ α€œα€€်α€˜α€€်α€›α€Š်ဇွα€”်း
7. ဆား α€‘α€”α€Š်းα€„α€š်
8. α€›ေ ၁ α€…ားပွဲဇွα€”်း
9. ဆီ ၃ α€…ားပွဲဇွα€”်း
10. α€€ြα€€်α€₯ α€α€œုံး
11. α€‘α€žီးα€›ွα€€်α€…ုံ ၁၅ α€€ျပ်α€žားခန့်

ချα€€်α€”α€Š်း
1. ၀က်α€žားα€€ို ပါးပါးα€œှီး၊ ဆား၊ α€žα€€ြား၊ ပဲငံပြာα€›α€Š် ၊ α€€ြα€€်α€₯ (α€α€œုံးα€€α€”ေ α€‘α€”α€Š်းα€„α€š်α€šူα€‘α€Š့်) α€‘α€Š့်ပြီး တူα€”ဲ့ α€”α€š်ပါ။ တစ်α€”ာα€›ီα€œောα€€် α€›ေခဲα€žေတ္တာ ထခဲထပ်ထဲα€™ှာ α€”ှပ်ထားပါ၊
2. α€€ြော်α€™α€Š့်ထိုးထဲဆီα€‘α€Š့်၊ ဆီပူα€œာရင် α€€ြα€€်α€₯ α€‘α€Š့်α€€ြော်ပီး α€†α€š်ထားပါ၊ ဆီα€œိုထပ်α€œျှင် ထပ်α€‘α€Š့်ပီး α€€ြα€€်α€žွα€”်α€–ြူα€€ြော်ပါ၊ α€”ွα€™်းα€žွားတဲ့ ထခါ ၀က်α€žားα€‘α€Š့်α€€ြော်ပါ၊ α€‘α€žား α€€ျα€€်တဲ့ ထခါ α€‘α€žီးα€›ွα€€် α€‘α€Š့်α€€ြော်ပါ၊ ခေါα€€်ဆွဲ α€‘α€Š့်ပီး α€™ွှေပေးပါ။ ဆား၊ α€žα€€ြား၊ ပဲငံပြာα€›α€Š် ထပျα€…်၊ ထကျဲ၊ ခရုဆီ α€‘α€Š့်α€™ွှေပေးပါ၊
3. α€œိုထပ်α€œျှင် ပြောင်းα€€ော်α€™ှုα€”့် ၁/၄ α€œα€€်α€˜α€€်α€›α€Š်ဇွα€”်းα€€ို α€›ေ (ထရိုးပြုတ် ထချိုα€›α€Š်) ၄ α€…ားပွဲဇွα€”်းα€”ဲ့ α€–ျော်ပီး α€”α€Š်းα€”α€Š်းချင်း α€œိုα€žα€œောα€€်α€‘α€Š့်α€™ွှေပေးပါ၊ ခေါα€€်ဆွဲα€€ြော်α€€ α€…ိုα€…ိုα€œေးα€–ြα€…်α€”ေရပါα€α€š်..။ α€‘α€žီး ထရွα€€် α€˜α€š်α€œောα€€်α€‘α€Š့်α€™α€œα€Š်း..α€›ေ α€˜α€š်α€œောα€€်ထွα€€်α€œာα€™α€œα€Š်းဆိုတာ ထတိα€€ျ မပြောα€”ိုင်α€œို့ပါ၊ α€€ော်တွေ ထများα€€ြီးα€”ဲ့ ပြα€…်ပြα€…်α€€ြီး α€™α€–ြα€…်ရပါ၊ α€™α€™ီးα€€ ခရုဆီ α€”ေα€›ာα€™ှာ Hawaiian BBQ sauce α€€ို α€žုံးထားပါα€α€š်...တခြားα€”ေ၇ာတွေα€™ှာ ထဲα€’ီ ဆောα€…့် α€›α€˜ို့ α€™α€œွα€š်တာα€€ြောင့်..α€‘α€œွα€š်တကူ α€›α€”ိုင်တဲ့ ခရုဆီ α€€ို ပြောင်းα€›ေးပေးα€œိုα€€်တာပါ။

No comments