Header Ads

ငပိ၊ မန်ကျည်းမှည့်ရည် နှင့်ကြော်တဲ့ခေါက်ဆွဲကြော်



ငပိ၊ မန်ကျည်းမှည့်ရည် နှင့်ကြော်တဲ့ခေါက်ဆွဲကြော်

ဒီခေါက်ဆွဲကြော်က အရှေ့တောင်အာရှ စားသောက်ဆိုင်တခုမှာေ၇ာင်းတဲ့ခေါက်ဆွဲကြော်တမျို းပါ။
အရမ်းလဲ စားလို့ကောင်းပါတယ်။ လုပ်ရတာလဲလွယ်ကူတယ်။ ပါ၀င်တဲ့ပစ္စည်းတွေကလဲ အလွယ်တကူ ရတာမို့လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ ( ၅ ပွဲစာ အတွက်)
၁။ ခေါက်ဆွဲ အစို - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ကြက်သား - ၁၀ သား
၃။ ပုဇွန် - ၁၀ သား
၄။ ငပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ မန်ကျည်းမှည့်ရည် - ထမင်းစားဇွန်း ၃ ဇွန်း
၇။ ယိုးဒယား ငံပြာရည် (သို့) မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ပဲငံပြာရည်အနောက် (သို့) ကြာညို့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ
၉။ တောက်တောက်ဆင်းထားသော ကြက်သွန်နီ - လက်ဖက်ရည်ပန်းကန်လုံး ၁ လုံးစာ
၁၀။ ငရုတ်ပွ - ၁ ခု (ပါးပါးလှီးထားပါ။)
၁၁။ ပဲပင်ပေါက် - လက်တဆုပ်စာ
၁၂။ ကြက်ဥ - ၃ လုံး (ခလောက်ထားပါ။)
၁၃။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း

ပြုလုပ်နည်း
၁။ ခေါက်ဆွဲ အခြောက်ကို သုံးရင် ရေထဲမှာ ဆီအနည်းငယ်ထည့်ပြီး အ၇မ်းမပျော့အောင်ပြုတ်ထားပါ။ ပြုတ်ပြီး လျှင် ရေအေးနှင့် ပြန်ဆေးရ်ျ ရေစစ်ထားပါ။
၂။ ကြက်သားကို ပါးပါးလေးတွေလှီးပြီး မန်ကျည်းမှည့် ရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ဖြင့် နယ်ထားပါ။
၃။ ငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို မန်ကျည်းမှည့် ရည် ထမင်းစားဇွန်း ၂ ဇွန်းထဲ ထည့်ဖျော်ထားပါ။
၄။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကို ထည့်၊ ပူလာလျှင် တောက်တောက်ဆင်းထားသော ကြက်သွန်နီကို ထည့်၊ မန်ကျည်းမှည့်ရည်နှင့် ငပိ ဖျော်ထားတာကိုထည့်ရ်ျ ၅ မိနစ်လောက် အပူပေးပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချပါ။
၅။ ဇလုံ တခုထဲတွင် ခေါက်ဆွဲကို ထည့်၊ ကြက်သွန်နီ အနှစ် ၊ ပဲငံပြာရည် အနာက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား တို့ကို ထည့်ပြီး ခေါက်ဆွဲများနှင့် သမအောင် နယ်ပါ။
၆။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ၊ ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥ ကိုထည့်ရ်ျ မွှေကြော်ပါ။ ပြီးလျှင် ပန်းကန်တခုထဲကို ထည့်ထားပါ။
၇။ ကြက်ဥကြော်ထားသော ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၃ ဇွန်းကို ထည့်ပြီး ၊ ဆီပူလာလျှင် နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ။ ၃ မိနစ်လောက်ကြော်ရ်ျ ကြက်သား ကျက်လျှင် ပုဇွန်ကို ထည့်ပါ။ ပုဇွန်ကွေးလာလျှင် ခေါက်ဆွဲကို ထည့်ကြော်ပါ။ ၅ မိနစ်လောက်ကြော် ပြီးလျှင် ငရုတ်ပွနှင့် ကြော်ထားသောကြက်ဥကို ထည့်မွှေပါ။ ထို့နောက် ပဲပင်ပေါက်ကို ထည့်ရ်ျ မွှေပြီး မီးဖိုပေါ်မှချပါ။ အရမ်းကို မွှေးပြီး စားလို့အရမ်းကောင်းတဲ့ငပိ၊မန်ကျည်းမှည့်၇ည် ခေါက်ဆွဲကြော်လေးပါ။

No comments