Header Ads

ကောက်ညှင်းပြန်ပေါင်း


ကောက်ညှင်းပြန်ပေါင်း
===============
-ကောက်ညှင်းဆန်ကောင်းကောင်း နို့ဆီ၄ဘူးကို
ရေစင်စင်ဆေးပြီး ရေစိမ်ထားပါ။
-အုန်းသီးတန်တန်တစ်လုံးကို အရည်ညှစ်ပြီး
ဆီ ၁၅ကျပ်သားနဲ့ အုန်းဆီချက် ချက်ထားပါ။
-ကောက်ညှင်းဆန်ကို ရေစစ်ပြီး
မိနစ် ၂၀လောက်ကြာအောင် ကောက်ညှင်းပေါင်း ပေါင်းပါ။
-ကောက်ညှင်းနပ်ရင် ဒယ်အိုးထဲကို
ကောက်ညှင်း၊ဆားအနည်းငယ်၊သကြား၂၀ကျပ်သား၊
အုန်းဆီချက်တို့ကိုရောပြီး သမအောင်မွှေပါ။
ပြီးရင် ဒယ်အိုးထဲကို သိပ်ထည့်ပါ။
အဖုံးပိတ်ပြီး မီးအသင့်အတင့်နဲ့နှပ်ပါ။
အောက်က ဂျို းကပ်ရင် မီးဖိုပေါ်ကချပါ။
-သကြားပါတဲ့အတွက် ဂျို းက တူးလွယ်ပါတယ်။
ဂျို းမာမာကြိုက်ရင် အရောင်နည်းနည်းမဲပါတယ်။
အရောင်မမည်းချင်ရင် ဂျို းပျော့ပျော့မှာ ချပါ။
-အုန်းဆီချက်နံ့မွှေးမွှေးနဲ့အရသာချို ချို လေးပါ။
အချို မကြိုက်သူများက သကြားလျှော့ထည့်ပါ။

No comments