Header Ads

အိုးလေး ဘိန်းမုန့်



အိုးလေး ဘိန်းမုန့်
===========
-ဘိန်းမုန့်က အပြားဝိုင်းအကြီးကြီးလုပ်ပြီး
ကပ်ကြေးနဲ့ညှပ်ရောင်းတဲ့ဘိန်းမုန့်လည်းရှိတယ်။
အိုးသေးနဲ့တန်ရုံတစ်ခုချင်းလုပ်တာလည်းရှိတယ်။
အဲလိုဘိန်းမုန့်မျို းကို အိုးလေးဘိန်းမုန့် လို့ခေါ်ကြပါတယ်။
-အိုးလေးဘိန်းမုန့်မှာ အဆိမ့်နဲ့အချို ရယ်လို့လုပ်ကြပါတယ်။
အချိုလုပ်နည်းကတော့-
ဆန်ကြမ်းတစ်ပြည်ကို ရေစင်စင်ဆေးပြီး
၃-နာရီလောက်ရေစိမ်ထားပါ။
ပြီးရင် မုန့်ကြိတ်ဆုံမှာထည့်ကြိတ်ပါ။
ကြိတ်တဲ့အခါ ထမင်းကြမ်း လက်တစ်ဆုပ်ထည့်ကြိတ်ပါ။
မုန့်ကို ခပ်ပျစ်ပျစ်ကြိတ်ပြီး တစ်ညအိပ် ထားလိုက်ပါ။
-ထန်းညက် ၅၀ကျပ်သားကို ကြွက်မြီးတန်းအောင် ကျို ပြီး
အ၀တ်နဲ့စစ်ပါ။
ပြီးရင် တစ်ညသိပ်ထားတဲ့မုန့်နှစ်ရည်ထဲထည့်ပါ။
စားဆော်ဒါ တစ်စွန်းထည့်ပြီး သမအောင်မွှေပါ။
ဆားလေးနည်းနည်းလည်းထည့်မွှေပါ။
-ပြီးရင် ခပ်တန်တန်အိုးကလေးတွေထဲထည့်ပြီး
ဂျစ်ထိုးထားတဲ့အုန်းသီး၊နှမ်းလှော်၊ဘိန်းစေ့နဲ့
ပါးပါးလှီးထားတဲ့ မြေပဲဆန်စိမ်းတို့ကို အပေါ်ကဖြူ းပါ။
-အပေါ်မီးအောက်မီးနဲ့ဖုတ်ရာမှာ အပေါ်မီးပိုထည့်ပြီး
အောက်မီးကိုလျှော့ပါ။
-မုန့်ကျက်လာရင် အပေါ်ကနေ ဆီဖတ်၀တ်နဲ့
ပဲဆီ၊နှမ်းဆီမွှေးမွှေးလေးရိုက်ပါ။
-အဆိမ့်ဆိုရင် ထန်းညက်မထည့်ဘဲ
မုန့်အဖြူ ရည်ထည့်ပြီးရင်
ကြက်သွန်မြိတ် ၊ စားတော်ပဲပြု တ်ထည့်ပြီးလုပ်ပါ။
-ရောင်းတန်းမဟုတ်ဘဲ အိမ်မှာလုပ်စားတဲ့အခါ
ဖရုံယို ၊ သီဟိုဠ်စေ့၊စပျစ်သီးခြောက်တို့ကိုထည့်လို့ရပါတယ်

No comments