Header Ads

ငါးα€€ျဉ်းခြောα€€်α€”ှင့်ပုဇွα€”်ခြောα€€်ထောင်းထစပ်α€€ြော်α€”α€Š်း




ငါးα€€ျဉ်းခြောα€€်α€”ဲ. ပုဇွα€”်ခြောα€€်ထောင်း ထစပ်α€€ြော် ထတွα€€် α€œိုထပ်တာα€œေးတွေ

ငါးα€€ျဉ်းခြောα€€် ၅ α€€ောင်
ပုဇွα€”်ခြောα€€်α€™ှုα€”်. α€Ÿα€„်းခတ်ဇွα€”်းα€€ြီး ၇ ဇွα€”်း
α€€ြα€€်α€žွα€”်α€”ီα€‘α€žေး ၄ α€œုံး
α€€ြα€€်α€žွα€”်α€–ြူ ၁၂ α€™ွှာ
ထချိုα€™ှုα€”်. α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း
ငရုတ်α€žီးထကြα€™်းα€™ှုα€”်.
ဆီ α€Ÿα€„်းခတ်ဇွα€”်းα€€ြီး ၁၁ ဇွα€”်း

ငါးα€€ျဉ်းခြောα€€်α€€ို ၁၅ α€™ိα€”α€…်ခန်.α€›ေα€…ိα€™်ပြီး ထရိုးα€™ျား၊ ခေါင်းα€™ျားα€€ိုα€–α€š်ထုတ်α€€ာ α€‘α€žားα€™ျားα€€ိုα€–ဲ့α€›ွဲ.ထားပါ။
α€€ြα€€်α€žွα€”်α€”ီ α€€ို ပါးပါးα€œှီးထားပါ။
α€€ြα€€်α€žွα€”်α€–ြူ α€€ို ထကွင်းα€œိုα€€် ပါးပါးα€œှီးထားပါ။

α€œိုတာα€œေးတွေရပြီဆိုတော့ α€…α€€ြော်α€€ြရထောင်

α€’α€š်ထိုးတစ်α€œုံးထဲ ဆီ α€”ှင့် α€€ြα€€်α€žွα€”်α€”ီα€€ို α€‘α€Š့်ပြီး medium heat α€”ှင့် α€‘α€Šိုα€›ောင်α€žα€”်းα€œာα€žα€Š်ထထိ α€€ြော်ပါ။ α€‘α€Šိုα€›ောင်α€žα€”်းα€œာα€œျှင် α€™ီးα€–ိုα€™ှα€–α€š်ပြီး ဆက်α€™ွှေပေးပါ။

α€€ြα€€်α€žွα€”်α€”ီဖတ်α€™ျားα€€ို ဇကာထဲα€‘α€Š့်ပြီးဆီα€…α€…်α€€ာ α€–α€š်ထားပါ။

α€€ြα€€်α€žွα€”်α€”ီဖတ်α€™ျားα€–α€š်ထုတ်ထားα€žော ဆီပူထဲα€žို. ငါးα€€ျဉ်းခြောα€€် α€”ှင့် α€€ြα€€်α€žွα€”်α€–ြူα€€ို α€‘α€Š့်α€€ြော်ပါ။

α€€ြα€€်α€žွα€”်α€–ြူဖတ်α€™ျားα€›ွှေဝါα€›ောင်α€–ြα€…်α€œာα€œျှင် ပုဇွα€”်ခြောα€€်α€™ှုα€”်.α€™ျားα€€ို α€‘α€Š့်α€€ာ ၁ α€™ိα€”α€…်ခန်.α€™ွှေα€€ြော်ပါ။

ထို.α€”ောα€€် low heat α€žို.α€œျှော့α€€ာ ငရုတ်α€žီးထကြα€™်းα€™ှုα€”်.α€€ို α€‘α€Š့်ပြီး α€”ောα€€်ထပ် ၅ α€™ိα€”α€…်ခန်.α€™ွှေα€€ြော်ပေးပါ။

α€’α€š်ထိုးα€€ို α€™ီးα€–ိုα€™ှα€–α€š်α€€ာ ထချိုα€™ှုα€”်. α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း α€‘α€Š့်ပြီး ၃၊၄ ချα€€်α€™ွှေα€€ာ ထထေးခံထားပါ။
ထေးα€žွားα€œျှင် ဆီα€…α€…်ထားα€žော α€€ြα€€်α€žွα€”်α€”ီα€€ြော်α€”ှင့်α€›ောα€€ာ ငါးα€€ျဉ်းခြောα€€် α€”ဲ. ပုဇွα€”်ခြောα€€်ထောင်း ထစပ်α€€ြော် α€€ို α€‘α€›α€žာα€›ှိα€…ွာ α€žုံးဆောင်α€”ိူင်ပါပြီ။

No comments