ငါးခြောက်အစပ်အကြွပ်ကြော်နည်း
ငါးခြောက်အစပ် အကြွပ်ကြော်အတွက် လိုအပ်တာလေးတွေ
အရေခွံခွါပြီးနောက် ပါးပါးခုတ်ထားသောငါးခြောက် 3 cups (750 ml)ခန်.
ပါးပါးလှီးထားသော ကြက်သွန်နီ 2 1/2 cups (625 ml) ခန့်
ပါးပါးလှီးထားသော ကြက်သွန်ဖြူ ထမင်းစားဇွန်း ၅ ဇွန်းခန့်
ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း ၅ ဇွန်း (သို့) ကိုယ်စားနိူင်သလောက်
ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
ဆီအေး ၁ လီတာကျော် ထဲသို့ ကြက်သွန်နီကို ထည့်ပြီး medium heat ဖြင့် ဝါညိုရောင်သန်းလာသည်အထိ ကြော်ပါ။
DSC04313အညိုရောင်သန်းလာလျှင် မီးဖိုမှဖယ်ပြီး အနည်းငယ်ဆက်မွှေကာ ဇကာထဲထည့်ပြီး ဆီစစ်ထားပါ။
ကြက်သွန်နီဖတ်များဖယ်ထုတ်ထားသည့် ဆီကို medium heat ဖြင့် ပြန်အပူပေးကာ၊ ပူလာလျှင် ငါးခြောက် နှင့် ကြက်သွန်ဖြူထည့်ကာ မွှေကြော်ပါ။
ကြက်သွန်ဖြူဖတ်များရွှေဝါရောင်ဖြစ်လာလျှင် မီးဖိုမှ ဖယ်ကာ ဆက်မွှေပေးပါ။
ပြီးလျှင် ဇကာထဲထည့်ပြီး ဆီစစ်ထားပါ။
ဒယ်အိုးထဲမှဆီများကို ဟင်းခပ်ဇွန်းကြီး ၂ ဇွန်းခန့်ချန်ကာ အားလုံးခပ်ထုတ်ပြီး ပုဇွန်ခြောက်မှုန့်ထည့်ကာ medium heat ဖြင့် ၁ မိနစ်ခန့်မွှေကြော်ပါ။
ထို့နောက် ငရုတ်သီးအကြမ်းမှုန့်ကိုထည့်ကာ ၂ မိနှစ်ခန့်ဆက်ကြော်ပြီး မီးကိုပိတ်ပါ။
မီးပိတ်ပြီးနောက် ထိုဒယ်အိုးထဲသို.ကြက်သွန်နီကြော်၊ ငါးခြောက် နှင့် ကြက်သွန်ဖြူကြော်တို့ကို ထည့်ပြီးမွှေလိုက်ပါ စားကောင်းလှသော ငါးခြောက်အစပ် အကြွပ်ကြော်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Post a Comment