ခေါ ပြင်
ခေါ ပြင်
=====
-ဆန်ကျော်မပါတဲ့ ကောက်ညှင်းဆန် ကောင်းကောင်းတစ်ပြည်ကို
ရေစင်စင်ဆေးပြီး ပေါင်းချောင်နဲ့ပေါင်းပါ။
-ကောက်ညှင်းကောင်းရင် နာရီ၀က်ဆို နပ်ပါပြီ ။
နပ်တဲ့ကောက်ညှင်းကို ဆုံထဲမှာထည့်ထောင်းပါ။
မထောင်းခင် ဆုံကို ဆီနည်းနည်းသုတ်ထားရင် မကပ်ပါဘူး။
-ကောက်ညှင်းတွေကြေညက်လို့ အစေ့ပျောက်လုနီးဖြစ်လာရင်
လက်ကိုဆီနည်းနည်းဆွတ်ပြီး
ထောင်းထားတဲ့ကောက်ညှင်းတွေကို
သစ်သားဗျတ်(သို့)သံလင်ပန်းပေါ်မှာညီအောင်ဖြန့်ပါ။
-အခွံချွတ်ထားတဲ့မြေပဲလှော် နို့ဆီ ၂ ဘူး၊
နှမ်းလှော် နို့ဆီ ၂ ဘူးကို
မညက်တညက်ထောင်းထားပြီး
ကောက်ညှင်းမျက်နှာပြင်ပေါ်မှာ နှံ့အောင်ဖြူ းလိုက်ပါ။
အပေါ်ကနေ ဒလိမ့်တုံးနဲ့လှိမ့်ရင်
မြေပဲနဲ့နှမ်းတွေ ကောက်ညှင်းထဲ မြုပ်သွားပါမယ် ။
ဒလိမ့်နဲ့လှိမ့်ပြီးတဲ့အခါ အပြားပါးပါးလှီးထားတဲ့အုန်းသီးစိတ်တွေကို
အပေါ်ကနေ တင်ပြီး ဒလိမ့်နဲ့ အသာလှိမ့်ပေးပါ။
-ခေါပြင်ကို ကတ်ကျေးနဲ့ဖြတ်ပြီး
ကြက်သွန်ကြော်၊ဘူးသီးကြော်တို့နဲ့လည်းတွဲဖက်စားနိုင်ပါတယ်။
ခေါပြင်ကို ဒီအတိုင်း နှမ်းထောင်း၊အုန်းသီးဖြူ းပြီးလည်း စားနိုင်ပါတယ်

Post a Comment