ℤ𝕦𝕦𝕟𝕊𝕚𝕒𝕞 𝔻𝕒𝕚𝕝𝕪

𝐏𝐫𝐨𝐯𝐞𝐫𝐛𝐬 𝟐𝟒:𝟓

Header Ads

  • Home
    • Technology
    • _Computer
    • __Hardware
    • __Software
    • _Mobile
    • __Software
    • __Hardware
    • Knowledge
    • Beauty&Health
    • Religious
    • Family
    • _Children
    • Education
    • _Dictionary
    • __English to Zomi
    • __Malay to Zomi
    • __Chinese to Zomi
    • _Myanmar Education
    • __Basic Education Primary
    • __Basic Education Secondary
    • __Basic Education High School
    • __Law / Policy
    • __Corruption
    • __Read
    • _Scholarship
    • Biography
    • Foods
    • _Curry Recipe
    • _Salad Recipe
    • _Fry Recipe
    • _Noodles Recipe
    • _Soup Recipe
    Home / Unlabelled / မုန့်စိမ်းပေါင်

    မုန့်စိမ်းပေါင်

    Zuun Siam Media May 21, 2023


    မုန့်စိမ်းပေါင်း
    =========

    -မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
    ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါ။
    မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။
    ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး
    လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။

    -အောက်ခံအိုးထဲကိုရေထည့်ပြီး
    အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။
    ၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင်
    မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။

    -လက်နဲ့ကိုင်နိုင်တဲ့အနေအထားမှာ
    တစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို
    ဆုံထဲထည့်ထောင်းပါ။
    ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။

    -မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး
    အညို သားက အချိုဖြစ်ပါတယ်။
    အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။
    အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး
    မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။
    ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။

    -ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီး
    ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။

    -မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်)နဲ့ပေါင်းရပါတယ်။
    အခုတချို့က ပေါင်းစကာတွေနဲ့ပေါင်းကြပါတယ်။
    မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာ ပိတ်စိမ်းပါး(ရှန်သား)ခင်းပါ။
    ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။
    အညို သားပေါ်က အဖြူ သားကို စကာချပါ။
    ပြီးရင် အပေါ်ကနေပဲလွန်းပြု တ်ကိုဖြူ းပါ။
    အိမ်စားဖို့ကောင်းကောင်းဆိုရင် ပဲလွန်းအစား
    သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ဖရုံယို တို့ ထည့်နိုင်ပါတယ်။

    -ပြီးရင် အဖုံးအုပ်ပြီး နာရီ၀က်လောက်ပေါင်းရင် နပ်ပါပြီ။
    မုန့်စိမ်းပေါင်းကို လက်ဖက်ရည်၊ကော်ဖီတို့နဲ့တွဲဖက်စားလို့ရသလို
    ရေနွေးကြမ်းနဲ့လည်းတွဲဖက်စားလို့ရတဲ့
    မြန်မာ့ရိုးရာစားစရာမုန့်ဖြစ်ပါတယ်။

    Related Posts

    Post a Comment

    No comments

    Post a Comment

    Subscribe to: Post Comments ( Atom )

    Facebook

    https://www.facebook.com/Zuunsiam.blog/

    Popular Posts

    • KHANGTHAK LEH FACEBOOK
      KHANGTHAK LEH FACEBOOK
      Khangthakte (Gen Z) & Facebook   Leitung khantohna nakpi in khang a, khangkhat khit khangkhat kilaih in tuin ei Gene...
    • Z+MOVIES APPS
      Z+MOVIES APPS
      A. Z+movies App  Box->Download Mediafire->Download   pCloud->Download     B. YSeri...
    • PASAL TAMPITE BUAINA
      Pasal tampite buaina thusim Zumhuai isakloh ding pasal pawlkhat ana neusalua in lungkimzo lo mitampi omkha ding hi. Numeiten zongh aneu sang...
    • Malaypau Sinna part5 (Malay Speaking Learning)
      Malaypau Sinna part5 (Malay Speaking Learning)
       Dotna leh dawnnate

    Subscribe Us

    https://youtube.com/@ZuunSiamChannel

    Random Posts

    Recent Posts

    Recent in Sports

    Created By SoraTemplates | Distributed By Blogger