မုန့်ဖက်ထုပ်
=======
-မုန့်ဖက်ထုပ်အတွက် ငှက်ပျောဖက်ကအကောင်းဆုံးပါ။
ငှက်ပျောဖက်ကို အရွက်ဆုတ်၊ရေဆေးပြီး
ရေခြောက်ရင် မီးအနည်းငယ်ကင်ပါ။
ပျော့ပျောင်းနေမှ ထုပ်တဲ့အခါ ဖက်ကွဲမထွက်ပါဘူး။
ဒါမှမဟုတ် ရေနွေးဖျောပါ ။
-ကောက်ညှင်းဆန်တစ်ပြည်ကိုဆန်နို့ဆီ၂ဘူးနဲ့ရော၊
ရေစင်စင်ဆေးပြီး ရေတစ်ညစိမ်ထားပါ။
-အုန်းသီးတစ်လုံးကိုဂျစ်နဲ့ခြစ်ထားပါ။
သကြား၅၀သားကိုဆားနည်းနည်းထည့်၊
ရေနည်းနည်းထည့်ပြီးဆူအောင်တည်ပါ။
ဆူရင် အ၀တ်နဲ့စစ်ပြီး ပေါက်စေးကျအောင် ပြန်ကျို ပါ။
သကြားရည် ပေါက်စေးကျလာရင် အုန်းသီးထည့်မွှေပါ။
အုန်းယိုဖြစ်လာရင် မီးပိတ်ထားပါ။
-ရေစိမ်ထားတဲ့ဆန်ကိုမုန့်ကြိတ်မှာကြိတ်ပြီး အ၀တ်အိတ်နဲ့ရေစစ်ပါ။
ရေစစ်ရင် စေးနေအောင် နယ်ပြီး အနေတော်အလုံးလေးတွေလုံးထားပါ။
-မီးပြထားတဲ့ဖက်ကို အနေတော်အပိုင်းလေးတွေဆုပ်ပြီး
ဖက်အတွင်းသားကို ဆီနည်းနည်းသုတ်ထားပါ။
-မုန့်လုံးထဲကို အုန်းသီးဌာပနာထည့်ပြီး လုံအောင်ပြန်လုံးပါ။
ပြီးရင် ငှက်ပျောဖက်ကို ကန်တော့ပုံချို းပြီးမုန့်ထည့်ပါ။
ဖက်ကိုပြန်ပိတ်ပြီး အောက်ကရေခံအိုးအပေါ်မှာတင်ပေါင်းပါ။
၄၅မိနစ်လောက်ပေါင်းရင် နပ်ပါပြီ။
မုန့်အကြီးအသေးပေါ်မူတည်ပြီး နပ်ချိန် ကြာတာ/မြန်တာရှိပါမယ်။

Post a Comment