မုန့်ပါတူ
မုန့်ပါတူ
======
-မုန့်ဦးနှောက်နဲ့ ဆင်တူယိုးမှားဖြစ်တာကတော့
မုန့်ပါတူပါ။
-မုန့်အဖြူ ရောင်ချင်း၊သာကူစေ့ပါတာချင်း၊ အုန်းဆီချက်နဲ့သကြား
ဖြူ းစားရတာချင်းတူပေမဲ့...
မုန့်ဦးနှောက်က` ပေါင်း`ရတဲ့မုန့်ဖြစ်ပြီး
မုန့်ပါတူကတော့ `ကျို` ရတဲ့မုန့်ဖြစ်လို့
အခေါ်အဝေါ်ချင်း ကွဲပြားတာဖြစ်ပါတယ်။
-မုန့်ပါတူကိုလည်း ဆန်ကြမ်းနဲ့ဘဲလုပ်ရပါတယ်။
ဆန်ကြမ်း ၂ဘူးကို ရေစင်စင်ဆေးပြီး
ထုံးကျက်တက်ရည်နည်းနည်းမှာ စိမ်ထားပါ။
ပြီးရင် မုန့်ကြိတ်ဆုံမှာ ခပ်ပျစ်ပျစ် ကြိတ်ပါ။
-အုန်းသီး၂ လုံးကို အုန်းနို့ညှစ်ပြီး
အုန်းဆီချက် ချက်ထားပါ။
-မုန့်ရည်ထဲကို သာကူစေ့ ၅ကျပ်သားထည့်ပြီး
အိုးတစ်လုံးထဲထည့် ကျို ပါ။
စကျို ကတည်းက မွှေပေးပါ။အမွှေရပ်ရင် ကပ်ပါမယ်။
မုန့်ရည်အရောင်ပြောင်းပြီး ကျက်လာရင်
ဆီသုတ်ထားတဲ့ ဘန်းထဲကို လောင်းထည့်ပါ။
အေးသွားတဲ့အခါ လိုသလိုတုံးပြီး
အုန်းဆီချက် ၊ သကြား ဖြူ းပြီးစားနိုင်ပါတယ်။

Post a Comment